တနင်္သာရီတိုင်းတွင် ၆ ရက်အတွင်း အမျိုးသားငါးဦး ကြိုးဆွဲချသတ်သေ

0
509

တနင်္သာရီတိုင်းတွင် ၆ ရက်တာ ကာလအတွင်း အမျိုးသားငါးဦး ကြိုးဆွဲချသတ်သေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မတ်လ ၂ ရက်မှ ၇ ရက် အချိန်ထိ အမျိုးသား ငါးဦးက ကြိုးဆွဲချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။

ပုလောမြို့နယ်တွင် ၃ ဦး၊ လောင်း လုံးမြို့နယ်တွင် ၁ ဦးနှင့် ဘုတ်ပြင်း မြို့နယ်တွင် ၁ ဦးတို့ ဖြစ်သည်။

အဆိုပါ သတ်သေခဲ့သူများတွင် အရက်အလွန်အကျွံသောက်သုံးသူ၊ အရက်ဖြတ်ထားသူနှင့် စိတ်ကျန်းမာရေး မကောင်းသူများပါဝင်ကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၂၀၁၇ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း ကြိုးဆွဲချသတ်သေသူ ၁၀၃ ဦး ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၈၇ ဦးရှိကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းများအရ သိရသည်။

Dawei Watch