သရက်ချောင်း ငါးလေလံဈေး ရေလုပ်ငန်းလုပ်နေသူများအတွက် အကျိုး မရှိ

0
835

ထားဝယ်ခရိုင်အတွင်းရှိ သရက် ချောင်းငါးလေလံဈေးသည် ရေလုပ်ငန်း လုပ်ကိုင်နေသူများအတွက် အကျိုးမရှိ သည့် စီမံကိန်းဖြစ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး လူမှုစီးပွားဆိုင်ရာ လေ့လာတွေ့ရှိချက်များစာတမ်းက ဆိုသည်။

သရက်ချောင်းသို့ ၀ယ်လက်များ တိုက်ရိုက်လာရန် အခက်အခဲရှိနိုင်သည့် အခြေအနေ၊ ငါးဖမ်းလှေများဝင်ရောက်ရန် နေရာအခက်အခဲရှိခြင်းများကြောင့် ငါးဖမ်းစက်လှေများ ကပ်ရောက်ရန် မလွယ်ကူမှု စသည့် အခြေအနေများကြောင့် ရေလုပ်ငန်း လုပ်ကိုင်သူများအတွက် အကျိုးမရှိသည့် စီမံကိန်းသာ ဖြစ်သည်ဟု လေ့လာရကြောင်း အထက် ပါစာတမ်းတွင် ဖော်ပြထားသည်။

အဓိကအားဖြင့် သရက်ချောင်း ငါးလေလံဈေးသည် ရေလုပ်သားများ၊ ငါးဖမ်းလှေများရှိရာနေရာနှင့် အတော် လှမ်းသောနေရာတွင် တည်ရှိပြီး ဈေး ကွက်သဘောသဘာဝအနေဖြင့် အချက်အချာကျသည့် နေရာတွင် ရှိမနေကြောင်း စာတမ်းတွင် ပါရှိသည်။

အဆိုပါ ငါးလေလံဈေးက ဒေသခံ ပြည်သူများအတွက် အသုံးဝင်မှု၊ အကျိုး ကျေးဇူးရရှိမှု အားမကောင်းသည့် စီမံ ကိန်းသာ ဖြစ်သည်ဟု ဖြေဆိုသူများက ပြောကြောင်း ယင်းစာတမ်းတွင် ဖော်ပြ ထားသည်။

အစိုးရနှင့် တာဝန်ရှိသူများအနေ ဖြင့် ငါးလေလံဈေးနှင့် ရေလုပ်ငန်း၏ အခြေအနေကို နားလည်သဘောပေါက် သည့်အတွက် ငါးလေလံဈေးကို အကောင်အထည်ဖော်ရန် ကြိုးစားသော် လည်း သရက်ချောင်းဒေသကို ရွေးချယ် ခြင်းက စစ်မှန်သောလိုအပ်ချက်နှင့် အကျိုးအမြတ်ကို ဆန်းစစ်မှုအားနည်း ခဲ့သည်ဟု ဝေဖန်မှုများရှိကြောင်း ယင်း စာတမ်းက ဆိုသည်။

အဆိုပါစာတမ်းကို မတ်လ ၄ ရက် နေ့က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ ဒေသခံများ အား အစီရင်ခံတင်ပြခဲ့သည်။

တိုင်းဒေသကြီး လူမှုစီးပွားကဏ္ဍဆိုင်ရာ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ကို မြန်မာနိုင်ငံ လူမှုစီးပွားလုပ်ငန်းများ ဖွံ့ဖြိုးရေးအသင်းက ထားဝယ်ခရိုင်တွင် ၁၉ ဦး၊  မြိတ်ခရိုင်တွင် ၂၀ ဦး၊ ကော့သောင်းခရိုင်တွင် ၁၆ ဦး နှင့် ရန်ကုန်မြို့နေသူ ၆ ဦးကို မေးမြန်းပြီး သုတေသနပြုထားကြောင်း စာတမ်းတွင် ပါရှိသည်။

ပါဝင်ဖြေဆိုသူများကို အလွှာကဏ္ဍစုံမှ ကိုယ်စားပါဝင်မှုကို တိကျစွာ တွက် ချက်အလေးထားပြီး အစိုးရ၀န်ထမ်းများ၊ နိုင်ငံရေး လူမှုရေးတက်ကြွပါဝင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် သာမန်ပြည်သူများဟူ၍ ပိုင်းခြားသတ် မှတ်၍ လေ့လာမှုပြုခဲ့ကြောင်း ယင်းစာ တမ်းအရ သိရသည်။

အစိုးရဌာနဆိုင်ရာများ၏ ပူးပေါင်း ပါဝင်မှုရရှိစေရန်အတွက်လည်း တနင်္သာ ရီတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကောင်းစံဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုဥက္ကဋ္ဌ ဦးကြည်စိုးနှင့် သက်ဆိုင်ရာဌာနအချို့ကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း စာတမ်းတွင် ပါရှိသည်။

 ကိုဇော်