ကုမ္ပဏီများ၏ နှစ်စဉ်အစီရင်ခံစာကို အွန်လိုင်းဖြင့် တင်ပြရမည်

0
503

ယခုနှစ်မှစတင်ကာ ကုမ္ပဏီများ အားလုံး၏ နှစ်စဉ်အစီရင်ခံစာကို အွန် လိုင်းစနစ်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ထံမှ သိရသည်။

ကုမ္ပဏီ၏ ငွေစာရင်းရှင်းတမ်း၊ အခွန်ဆောင်မှုမှတ်တမ်း အစရှိသည့် နှစ်စဉ်အစီရင်ခံစာကို ပြီးခဲ့သည့်နှစ်က စာရွက်စာတမ်းဖြင့် တင်ပြရပြီး ယခုနှစ် မှစတင်ကာ အွန်လိုင်းစနစ် (MyCo )ဖြင့် တင်ပြရမည်ဖြစ်ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

နှစ်စဉ်အစီရင်ခံစာအား ကုမ္ပဏီ နှစ်ပတ်လည်အချိန်မှ  တစ်လထက် နောက်မကျစေဘဲ တင်ပြရမည်ဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

“ကုမ္ပဏီတွေကို တစ်လထက် နောက်မကျစေဖို့ သတိပေးမယ်၊ မတင်ဘူးဆိုရင် ဖျက်သိမ်းမယ်”ဟု ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

ယခင်က နှစ်စဉ်အစီရင်ခံစာကို စာရွက်စာတမ်းဖြင့်သာ တင်ပြရပြီး ယခု ကဲ့သို့ အွန်လိုင်းစနစ်ဖြင့် တင်ပြရမည် ဆိုပါက မလုပ်တတ်ကြောင်း ထားဝယ်မြို့ အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ပြောသည်။

“DICA  ရုံးမှာပဲ သွားလုပ်ရတော့ မှာပေါ့၊ ကိုယ်လည်း မလုပ်တတ်ဘူးဆို တော့”ဟု အဆိုပါ ကုမ္ပဏီပိုင်ရှင်က ဆို သည်။

တနင်္သာရီတိုင်းတွင် ကုမ္ပဏီပေါင်း ၃၀၀ ကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ကိုဇော်