ကလေးလေးတစ်ယောက် ဘ၀မှာ ပျော်ဖို့

0
647

ကလေးတစ်ယောက် ကျန်းမာပျော်ရွင် ဖို့၊ စိတ်အဟာရ ပြည့်ဝဖို့အတွက် လိုအပ်တဲ့အချက်တွေ အများကြီးပါပဲ။ ကလေးတစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေ မတူကြသလို မိဘတစ် ယောက်နဲ့ တစ်ယောက်လည်း ပြုစုပျိုးထောင် ပုံတွေ မတူကြပါဘူး။

ဒါပေမယ့် ကလေးတွေကို ဘ၀ပျော်ရွင် သူတစ်ယောက်ဖြစ်ဖို့ ပြုစု ပျိုးထောင် တဲ့အခါမှာ ဒီအချက်တွေကတော့ ဘုံအနေ နဲ့ အမြဲအလေးထားရမှာ ဖြစ်ပါတယ်။

၁) တီတီတာတာစကားတွေကို အလေးထား နားထောင်ပေးပါ။

အလုပ်များလို့ပဲဖြစ်ဖြစ်၊ စိတ်မကြည် လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ နဂိုစရိုက်ကြောင့် ပဲဖြစ်ဖြစ် တစ်ခါတလေ လူကြီးတွေအနေနဲ့ ကလေးစကားကို အလေးမထားဘဲနေတာ မျိုး ရှိတတ်ပါတယ်။ အဲလို အလေးမထား တာက ကလေးတွေကို စိတ်ထိခိုက်စေပါ တယ်။ လူတွေက သူ့ကို အရေးမလုပ်ဘူး အလေးမထားဘူးဆိုတဲ့ အားငယ်စိတ်မျိုး ကိန်းသွားတတ်ပါတယ်။ ဘယ်သူမှ ငါ့ စကားကို နားမထောင်ဘူးဆိုပြီး စိတ်စွဲ သွားတတ်ပါတယ်။ အဲလို စိတ်အားငယ် တတ်တဲ့ ကလေးတေစ်ယောက်ဟာ ဘ၀မှာ နေပျော်ဖို့ လူတွေနဲ့ သဟဇာတဖြစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကလေးစကားလည်း အလေးထားဖို့ လိုပါတယ်။

၂) သူတို့ ခံစားချက်တွေကို ဖော်ထုတ် ခွင့်ပေးပါ။

ကလေးတွေကို အုပ်ထိန်းတဲ့အခါ လူကြီးမိဘတွေ အများစု လုပ်မိလေ့ ရှိတာက ကလေးတွေကို လူကြီးနေရာက ကြည့်ပြီး အုပ်ထိန်းတာမျိုးပါ။ အဲဒါက ကလေးတွေအတွက် အဆင်မပြေပါဘူး။ ကလေးတစ်ယောက် ပျော်ရွင်တာ၊ တက်ကြွ တာ၊ ၀မ်းနည်းတာ၊ ငိုကြွေးတာတွေကို ဖြစ်စေတဲ့ အခြေအနေ အချိန်အခါတွေဟာ လူကြီးတွေနဲ့ တူမှာ မဟုတ်ပါဘူး။ ငိုတော့လည်း မငိုနဲ့ တိတ်၊ ပျော်ရွင်တက် ကြွတော့လည်း ဘယ်လိုဖြစ်နေလဲ ငြိမ်ငြိမ် နေ စသဖြင့် ကလေးတွေကို ဟန့်နေမယ်ဆို ရင် ကလေးကဘာမှ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲတော့မှာ မဟုတ်ပါဘူး။

၃) သူတို့အားသာချက် ဖော်ထုတ်ပါ။ ချီးမွမ်းစကားဆိုပါ။

ကလေးတစ်ယောက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်လာဖို့ဆိုရင် သူလုပ်နိုင်တာလေးတွေကို အသိအမှတ်ပြု ထုတ်ဖော် ချီးကျူးပေးဖို့ လိုပါတယ်။ အဲလို အသိအမှတ်ပြုမှုကို ရမှသာ ကလေးဟာ သူ့မှာရှိတဲ့ လုပ်နိုင်စွမ်းနဲ့အညီ ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ အားသာချက်ကို ဖော်ထုတ် ချီးကျူးတယ်ဆိုရာမှာ  အသားလွတ် မြှောက်ပြောတာမျိုးကို မဆိုလိုပါဘူး။

၎) အခြား မိတ်ကောင်းဆွေကောင်း ကလေးတွေနဲ့ ခင်ခင်မင်မင်နေတတ်ဖို့ အားပေးအားမြောက်ပြုပါ။

ဘ၀မှာ ပျော်ပျော်ရွင်ရွင် နေတတ်ဖို့၊ နေရဖို့ဆိုတာ လူတွေနဲ့ ခင်ခင်မင်မင် နေ တတ်ဖို့၊ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ခွင့်ရဖို့ကလည်း အင်မတန် အရေးကြီး ပါတယ်။ အဲလို ဖြစ်ဖို့ကို မိဘတွေအနေနဲ့ ငယ်ငယ်ကတည်းကနေ အားပေးအားမြှောက် ပြုဖို့ လိုပါတယ်။

၅) အခြားသူတွေရဲ့ ခံစားချက်ကို အလေးထားဖို့ သင်ကြားပေးပါ။

အရာရာ ကိုယ့်စိတ် ကိုယ်သဘောကျပဲ ဖြစ်ချင်ပြီး ဘ၀မှာ မပျော်မရွင် ဖြစ်နေရတဲ့ ကလေးတစ်ယောက်မဖြစ်အောင် ငယ်ငယ် ကတည်းက သူများတွေရဲ့ ခံစားချက်ကို အသိအမှတ်ပြု၊ အလေးထားတတ်အောင် သင်ကြားပေးဖို့ကလည်း အင်မတန် အရေး ကြီးပါတယ်။ အဲလို မျှဝေခံစားတတ်ဖို့ဆိုရင် မိဘတွေက ပါးပါးနပ်နပ်နဲ့ ထိန်းမတ် တတ်ဖို့ လိုပါတယ်။

၆) သူ့ကို ချစ်တဲ့အကြောင်း မကြာ မကြာ ပြောပါ။

တချို့မိဘတွေ၊ အထူးသဖြင့် အဖေေ တွက ကလေးတွေကို ချစ်တယ်ဆိုတာ ပြောဖို့ ၀န်လေးတတ်ပါတယ်။ အခြားသူတွေ ရဲ့ ချစ်ခြင်းမေတ်္တာ၊ အထူးသဖြင့် မိဘတွေရဲ့ ချစ်ခြင်းမေတ်္တာက ကလေးတစ်ယောက် အတွက် အင်မတန် အရေးကြီးတဲ့ စိတ် အဟာရ ဖြစ်ပါတယ်။ အဲဒီ စိတ်အဟာရကို အပြည့်အ၀ ခံစားရဖို့ဆိုရင် ပြတာအပြင် ပြောဖို့လည်း လိုပါတယ်။

ဒီအချက်တွေကို အလေးထားရင်ကိုပဲ ကလေးလေးတစ်ယောက် ပျော်စေဖို့ အတော် အထောက်အကူ ဖြစ်နေပါပြီ။

ကိုးကား – pinterest.com