မြိတ်တွင် ဆေးလိပ်မီးကျရာမှ လှေသုံးစီး မီးလောင်

0
584

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ ကျောက်တံတားဆိပ်တွင် မတ်လ ၁ ရက်က လှေသုံးစီး မီးလောင်ကျွမ်းခဲ့သည်။

ဆီတင်လှေနှင့် ဘေးချင်းကပ်လှေ ပေါ်မှ ကုန်တင်ကုန်ချအလုပ်သမားတစ် ဦးပစ်ချခဲ့သည့် ဆေးလိပ်မီးကျရာမှ ဆီသယ်လှေ မီးလောင်ကျွမ်းခဲ့သည့်အပြင် ကုန်တင်လှေတစ်စီးနှင့် ခရီးသည်တင်လှေ တစ်စီးတို့ပါ မီးလောင်ကျွမ်းခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

၎င်းအပြင် ကမ်းဝေးငါးဖမ်းလှေတစ် စီးလည်း အနည်းငယ်လောင်ကျွမ်းခဲ့ ကြောင်း အထက်ပါဌာနထံမှ သိရသည်။

“၀ါးလတ်(ကမ်းဝေး)လှေက ရေပေါ် နေလို့။ ဆုတ်သွားတာ ရေခန်းနေရင် မီးထဲ ပါသွားတာကြာပြီ”ဟု အခင်းဖြစ်နေရာသို့ လာရောက်ကြည့်ရှုသူအမျိုးသားတစ်ဦးက ဆိုသည်။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆီတင်ရေယာဉ်ပေါ်ရှိ အသက် ၁၈ နှစ်ရှိ လှေစောင့်အမျိုးသားအား ပုဒ်မ ၂၈၅ (မီးနှင့်ပတ်သက်၍ပေါ့ဆမှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

မြင့်မိုရ်(မြိတ်)