တနင်္သာရီတွင် အခြေခံဥပဒေပြင်ဆင်ရေး စတေကာ လှုပ်ရှားမှုပြုလုပ်

0
596

တနင်္သာရီမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံ သည့် စတေကာလှုပ်ရှားမှု တစ်ခုကို တနင်္သာရီမြို့နေ နိုင်ငံရေးစိတ်ဝင်စားသည့် လူငယ်တစ်စုက မတ်လ ၂ ရက်က ပြုလုပ် ခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ပြည်သူအားလုံးဝိုင်းဝန်းစို”့၊ “၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအား ထောက်ခံပါ သည်”၊ “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး သည် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်” စသည့် စာတန်းပါ စတေကာများအား တနင်္သာရီဇက်ဆိပ်၊ ဈေးလမ်းဆုံ၊ အခြေခံပညာအထက်တန်းကျောင်းလမ်းဆုံနှင့် တနင်္သာရီတံတားထိပ်တို့တွင် ဖြန့်ဝေခြင်း ဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးထောက် ခံတာကို ပြည်သူ့အကြားချပြပေးတာပါ” ဟု စတေကာလှုပ်ရှားမှုတွင် ပါဝင်သည့် လူငယ်တစ်ဦးဖြစ်သူ မဖြူဖြူထွေးက ပြောသည်။

ကပ်ခွာ စတေကာများအား ဆိုင် ကယ်၊ မော်တော်ယာဉ်တို့တွင် ကပ်ပေးခဲ့ ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးအတွက် ထောက်ခံကြောင်းကို ရှင်းလင်း ပြောပြပေးခဲ့ကြောင်း မဖြူဖြူထွေးက ဆို သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး စတေကာလှုပ်ရှားမှုတွင် စတေကာ အရေအတွက် တစ်ထောင်နီးပါး အသုံးပြုခဲ့ ကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)