ကော့သောင်းအကျဉ်းထောင်ရှိ ထိုင်းအကျဉ်းသားများကို ထိုင်းကောင်စစ်ဝန် လာတွေ့

0
480

ကော့သောင်းမြို့နယ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ထိုင်းအကျဉ်းသား ၂၁ဦးကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ကောင်စစ်ဝန်က ဖေဖော်ဝါရီ ၂၆ရက် တွင် လာရောက်တွေ့ဆုံခဲ့ကြောင်း ကော့ သောင်း အကျဉ်းထောင် တာဝန်ရှိသူထံမှ သိရသည်။

ပိုင်နက်ကျူးကျော် နေထိုင်မှု၊ ငါးခိုး ဖမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက် ခဲယမ်းမှု၊ သစ်ခိုးမှုများဖြစ်ဖြင့် ပြစ်ဒဏ်ကျ ခံနေရသည့် အကျဉ်းသား ၁၇ဦး၊ အမှုရင် ဆိုင်ဆဲ အကျဉ်းသား ၄ဦး ကို လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားများ၏ ကျန်းမာရေးနှင့် ထောင်တွင်းနေထိုင်မူ အခြေအနေများ ကို လာရောက်လေ့လာခြင်းဖြစ်ကြောင်း အကျဉ်းထောင် တာဝန်ရှိသူက ဆိုသည်။ 

ကောင်စစ်ဝန်သည် ထိုင်နိုင်ငံသား အကျဉ်းသားများအတွက် ဆေးဝါးများ လူသုံးကုန်စားကုန်များကို ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

Dawei Watch