သီတဂူဆေးရုံတွင် လူနာ သုံးရာကျော်ကို ခွဲစိတ်ကုသ

0
629

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတော် တွင် လူနာဦးရေ သုံးရာကျော်ကို အခမဲ့ခွဲ စိတ်ကုသပေးခဲ့ကြောင်း သီတဂူအာရောဂျ ဒါန ဆေးရုံတော်၏ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆေးရုံတွင် လူနာများကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်ကြာ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ် သည်။

အထက်ပါရက်အတွင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ၊ လည်ပင်ကြီးရောဂါ၊ အူကျ၊ ရင်သားကင်ဆာ၊ တံတွေးကလင်း အကျိတ်၊ အမျိုးသမီးရောဂါ အစသဖြင့် ရောဂါရှိသည့် လူနာပေါင်း ၃၂၄ ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း အထောက် အကူပြုအဖွဲ့၏ ဒုဥက္ကဋ္ဌ ဦးဇော်လင်းက ဆိုသည်။

ယင်းလူနာများကို အမေရိကန် နိုင်ငံမှ ဆရာဝန်ကြီးများနှင့် ထားဝယ်ဆေး ရုံကြီးမှ ဆရာဝန်ကြီးများ ပူးပေါင်းကာ ခွဲစိတ်ကုသပေးခဲ့ကြောင်း ၎င်းင်းက ပြော သည်။

ထို့အပြင် ဆီးချို၊ နှလုံး၊ သွေးတိုး အစရှိသည့် အထွေထွေရောဂါ  ၅၂၀ ဦး၊ ကလေးအထူးကုပြသသူ ၁၀၈ ဦး၊ အမျိုးသမီးရောဂါ ၆၁ ဦး၊ စိတ်ရောဂါ ၁၂ ဦးနှင့် သွားရောဂါ  ၇၂၄ ဦးတို့ကိုလည်း စမ်းသပ်ကုသပေးခဲ့ကြောင်း သီတဂူ အာရောဂျဒါန ဆေးရုံတော်၏ အထောက် အကူပြုအဖွဲ့ထံမှ သိရသည်။

ကိုဇော်