ထားဝယ် ရပ်ကွက်၊ ကျေးရွာများတွင် အခမဲ့ သိုင်းသင်တန်း ဖွင့်မည်

0
656

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့သိုင်းသင်တန်း များကို အခမဲ့ သင်ကြားပေးမည်ဖြစ် ကြောင်း ထားဝယ်သိုင်းဆပ်ကော်မတီထံမှ သိရသည်။

မိမိတို့၏ ရပ်ကွက်၊ ကျေးရွာတွင် သင်တန်း ဖွင့်လိုပါက ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူငယ်အဖွဲ့ အစည်းများ စသည်တို့မှ သင်တန်းသား ၂၅ ဦး စုဆောင်းပေးကာ ထားဝယ်သိုင်း ဆပ်ကော်မတီထံသို့ ဆက်သွယ်နိုင် ကြောင်း ယင်းဆပ်ကော်မတီပြန်ကြားရေး တာဝန်ခံ ကိုဟိန်းဇော်ဘိုက ပြောသည်။

“လူဦးရေ ၂၅ ယောက်ဆိုတာက လူက တစ်ရက်ထက်တစ်ရက် လျော့လျော့ လာတယ်လေ၊ အဲ့ဒါကြောင့်ပါ” ဟု ကိုဟိန်းဇော်ဘိုက ပြောသည်။

ကျေးရွာအတွင်း သင်တန်းသားဦး ရေ ၂၅ ဦးမပြည့်ပါကလည်း ကျေးရွာ ၂ ရွာ သို့မဟုတ် ၃ ရွာပူးပေါင်းကာ စာရင်းပေးနိုင်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် မြန်မာ့သိုင်း ပညာကို ပျောက်ကွယ်မသွားစေရန် ထိန်း သိမ်းစေလိုခြင်း၊ တိုင်းအတွင်း ထူးချွန် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကာ သိုင်းသင်တန်းများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အထက်ပါ ဆပ်ကော်မတီထံမှ သိရသည်။

ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့ သိုင်းသင်တန်းဖွင့်လိုပါက ကိုဟိန်းဇော်ဘို ၊ ဖုန်းနံပါတ် ၀၉၆၉၃၃၃၇၉၇၂ ထံ ဆက် သွယ်နိုင်ကြောင်း သိရသည်။

မိုးမြင့်