ထားဝယ်ရှိ တက္ကသိုလ်ကျောင်းသားများ၏ တောင်းဆိုချက် တစ်ဆယ်ကျော် လုပ်ဆောင်မည်ဟု ပညာရေးဝန်ကြီး ကတိပေး

0
693

ထားဝယ်ခရိုင်ရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ တောင်းဆိုချက် တစ်ဆယ်ကျော်ကို  ပညာရေးဝန်ကြီးက လုပ်ဆောင်ပေးမည်ဟု နှုတ်ဖြင့် ကတိပေး ခဲ့ကြောင်း သက်ဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်က ထားဝယ်မြို့ကိုရောက်လာသည့် ပညာ ရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တက္ကသိုလ်များရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပွဲ များတွင် ကတိပေးခဲ့ခြင်း ဖြစ်သည်။

ထားဝယ်တက္ကသိုလ်တွင် ကျောင်းသား များက အဆောင်စည်းကမ်း ပြန်လည်ရေး ဆွဲရေးကိစ်္စ၊ တက်္ကသိုလ် ရန်ပုံငွေ ပွင့်လင်း မြင်သာစွာ ချပြပေးရေးကိစ္စ၊ ရေရရှိရေး ကိစ္စ၊ ကျောင်းကင်တင်း ပြန်ဆောက်ပေး ရေးကိစ္စ စသည်ဖြင့် အချက် ၈ ချက် တောင်းဆိုခဲ့ရာ ၀န်ကြီးက လုပ်ဆောင်ပေး မည်ဟု ပြောကြားခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ထံမှ သိရ သည်။

၎င်းအပြင် တက်္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့၏ အစည်းအဝေးများတွင် ကျောင်းသား များသမဂ်္ဂမှ ပါဝင်ခွင့်ရရှိရေးအတွက် တောင်းဆိုခဲ့ရာတွင် ၀န်ကြီးက တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်များကို ဆရာများသမဂ္ဂ၊ ကျောင်း သားများသမဂ်္ဂ၏ သဘောဆန်္ဒမပါဘဲ မဆုံးဖြတ်ရန် တက်္ကသိုလ်တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း ယင်းတက်္ကသိုလ် ကျောင်းသားများသမဂ်္ဂ ဒုဥက္ကဋ္ဌ မသီရိမိုး က ပြောသည်။

နည်းပညာတက္ကသိုလ်(ထားဝယ်)တွင်လည်း ကျောင်းသူနေအဆောင်၊ စာသင် အဆောင်တို့ကို ဆောက်လုပ်ပေးရန် တောင်းဆိုခဲ့ရာ ၀န်ကြီးက ရန်ပုံငွေ လျာထားပေးမည်ဟု ပြောကြားခဲ့ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်သူရိန်က ပြောသည်။

ကွန်ပြူတာတက္ကသိုလ်(ထားဝယ်)တွင် ကျောင်းသားများသမဂ္ဂ၏ တောင်းဆို မှုကြောင့် တက်္ကသိုလ်ရန်ပုံငွေ ပွင့်လင်းမြင် သာစွာ ချပြပေးရေးကိစ်္စ တက်္ကသိုလ်တာဝန် ရှိသူများကို မှာကြားခဲ့ကြောင်း ယင်း တက္ကသိုလ်ကျောင်းသားများသမဂ်္ဂထံမှ သိရသည်။

“သူ(ပညာရေးဝန်ကြီး)ကတိပေး ပြောခဲ့တာတွေ တကယ်အကောင်အထည် ဖော်ပေးမယ်လို့တော့ မျှော်လင့်တယ်” ဟု ထားဝယ်တက်္ကသိုလ်ကျောင်းသားများ သမဂ္ဂဒုဥက္ကဋ္ဌ မသီရိမိုးက ဆိုသည်။

ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၏ ထားဝယ်ခရီးစဉ်အတွင်း တက္ကသိုလ် အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ တောင်းဆိုချက်များအနက် အထက်ပါ အချက် တစ်ဆယ်ကျော်ကို လုပ်ဆောင် ပေးမည်ဟု နှုတ်ကတိပြုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမျိုးသိမ်းကြီးသည် အထက်ပါ တက္ကသိုလ်များအပြင် ထားဝယ် ပညာရေးကောလိပ်နှင့် နည်းပညာအထက် တန်းကျောင်း(ထားဝယ်) တို့ကိုလည်း သွားရောက်ခဲ့သည်။

ကျော်သူစိုး