ရငဲကျေးရွာတွင် ရောင်းချနေသည့် စားသောက်ကုန်အချို့ စားသုံးရန်မသင့်

0
580

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာ တွင် ရောင်းချနေသည့် အစားအသောက် နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ အစား အသောက်သုံးမျိုးတွင် စားသုံးရန်မသင့် သည့် ဓာတုပစ်္စည်းများ တွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ထံမှ သိရသည်။

ရငဲကျေးရွာ ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက်နမူနာ ခုနှစ်မျိုးကို ဓာတ်ခွဲစစ်ဆေးရန် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ အစားအသောက် သုံးမျိုး၌ စားသုံးရန်မသင့်သည့် ဓာတုပစ္စည်းများ ပါဝင်နေကြောင်း အထက်ပါ ဌာနထံမှ သိရသည်။

Peach အမှတ်တံဆိပ်(ထိုင်းစာသားပါ) မက်မွန်သီး၊ ချိုချဉ်စပ် အမှတ်တံဆိပ်ပါ ဇီး၊ သရက်၊ ဂွေးချို၊ ရှောက် သစ်သီးယိုစုံနှင့် မိုးဆန်းအမှတ်တံဆိပ် ငရုတ်ဆီ(အထုပ်)များတွင် ခွင့်ပြုဓာတုတာ ရှည်ခံပစ္စည်း (Sodium Benzoate)သတ်မှတ်ပမာဏထက် ကျော်လွန်နေ ကြောင်း FDA ဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာဟိန်းမင်းထက်အောင်က ဆိုသည်။

ယင်းဓာတုဆိုးဆေးကို သတ်မှတ် ပမာဏထက် များပြားစွာ စားသုံးမိပါက အသည်းနှင့်ကျောက်ကပ်ကို ထိခိုက် စေပြီး သတ်မှတ်ပမာဏထက် အနည်းငယ်ပိုမိုသည့် အစားအစာကို စားသုံးမိပါ က မျက်လုံးနှင့် အရေပြားယားယံခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ယောင်ရမ်းကာ ၀မ်းပျက် ၀မ်းလျောဖြစ်နိုင်ကြောင်း သိရသည်။