လမ်းကျူး ဈေးဆိုင်များကို တရားစွဲမည်

0
611

မွန်ပြည်နယ်အတွင်းရှိ လူသွား စင်္ကြံန်၊ ပလက်ဖောင်းများပေါ်တွင် ဆက်လက် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်များ ကို မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေ နှင့်အညီ တရားစွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ပြည်နယ်အတွင်းရှိ လမ်းဘေး ကျူး ကျော်ဈေးဆိုင်များ၊ ကျူးကျော်အိမ်ဆိုင် များကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန် ကြားချက်ဖြင့် စည်ပင်သာယာရေးအဖွဲ့က ပညာပေးခြင်း၊ သတိပေးခြင်းနှင့် လိုက်နာမှု မရှိပါက စီမံခန့်ခွဲမှု ဒဏ်ကြေးတပ်၍ အရေး ယူလျက် ရှိသော်လည်း ဆက်လက်ကျူး ကျော်နေသည့် ဈေးဆိုင်များ ရှိနေဆဲ ဖြစ် သည်။

ပညာပေးကာလပြီးသွားပြီဖြစ်သည့် အတွက် လာမည့် တစ်လ နှစ်လအတွင်း ၀န်ထမ်းများ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ၀န်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“ဒီ့အတွက်လည်း ပံ့ပိုးပေးနိုင်ပြီဆို လို့ရှိရင် ဒီတစ်လ နှစ်အတွင်းမှာ စပြီး တော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အထက်ပါ ၀န်ကြီးက ပြောသည်။

ထောင်ဒဏ်ချမှတ်နိုင်သည်ထိ အရေး ယူဆောင်ရွက်သွားမည်ဆိုသည့် အကြောင်း ကိုလည်း ပြည်သူလူထု ကျယ်ကျယ်ပြန့် ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းင်းက ဆက်ပြောသည်။

“မော်လမြိုင်မြို့ပေါ်နဲ့ မြို့နယ်အသီး သီးတွေမှာ ယနေ့အထိ လမ်းနယ်နိမိတ် လူသွားစင်္ကြန် ပလက်ဖောင်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင် ကျူးကျော်ရောင်းချနေ တာ တွေ့နေရပါတယ်၊ ဒါတွေကြောင့် လူအသွားအလာ ခက်သလို မြို့အင်္ဂါရပ်နဲ့ မညီတဲ့အပြင် ဥပဒေပြဋ္ဌာန်းချက်များကို လည်း ကျော်လွန်လုပ်ဆောင်နေသလို ဖြစ်နေပါတယ်”ဟု ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါ လူသွားစင်္ကြန် ပလက်ဖောင်း များအပေါ် ကျူးကျော်ဈေးဆိုင်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရက မည်ကဲ့သို့ စီမံကြီးကြပ်နေသည်ကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်က ကျင်းပခဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဒေါက်တာအောင်နိုင်ဦး က မေးခွန်းမေးမြန်းခဲ့သည်။

၂၀၁၇ ခုနှစ် မွန်ပြည်နယ်စည်ပင် သာယာဥပဒေအရ လူသွားစင်္ကြန် ပလက် ဖောင်းများအပေါ် ကျူးကျော် ဖောက်ဖျက် ပါက ငွေဒဏ် အနည်းဆုံး ကျပ် ၅ သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ချမှတ်နိုင် သည့်အပြင် ထောင်ဒဏ် အများဆုံး ၃ နှစ် အထိ ချမှတ်ခြင်းခံရသည်ဟု ပြဋ္ဌာန်းထား သည်။

ယဉ်စနိုင်း