မော်လမြိုင် တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း ဖွင့်လှစ်ရေးအဆို မွန်လွှတ်တော် အတည်ပြု

0
515

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ် တွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပေးရေး တိုက်တွန်းသည့်အဆိုကို မွန်ပြည်နယ် လွှတ်တော်က အတည်ပြုလိုက်သည်။

အဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့်  ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက်အစည်းအဝေးတွင် လွှတ် တော်ကိုယ်စားလှယ် ၄ ဦးတို့က ထောက်ခံ ဆွေးနွေးခဲ့သည်။

သို့သော် ပြည်နယ်အစိုးရဘက်က မှတ်တမ်းအဖြစ်သာ ထားရှိရန် ဆွေးနွေး ခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ၍အတွက် အဆိုကို အတည်ပြု လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မဖြစ်နိုင်တဲ့ ဟာကို တောင်းဆိုနေတာ မဟုတ်ပါဘူး” ဟု ဦးအောင်ကျော်သူက ပြောသည်။

နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များ ဘွဲ့ လွန်သင်တန်း ခေါင်းစဉ်များအနက်မှ ဦးစားပေးခေါင်းစဉ်များ ရွေးထုတ်ကာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စတင်ပြီး နှစ်အလိုက် အကောင်အထည်ဖော်သွားရန် လည်း လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းထားသည်။

ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ရာ တွင် ဦးစားပေးအနေဖြင့် (၁) Master of Development Studies,Diploma in Development Studies (၂) Master of Public Administration, Diploma in Public Administration (၃) Master of Business Administration, Diploma in Business Administration (၄) Diploma in Research Methodology  (၅) Diploma in Global English ဘာသာရပ်တို့ကို ဖွင့်လှစ်သင် ကြားပေးသင့်ကြောင်း အကြံပြုထားသည်။

ယဉ်စနိုင်း