မြိတ်နှင့် ကော့သောင်းတွင် ကမ်းဇော်ပင် လေးသောင်းကျော် စိုက်မည်

0
882

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ  ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် အစိုးရစီမံခန့်ခွဲခွင့်ရှိသည့် မြေပေါ်တွင် ကမ်းဇော်ပင် လေးသောင်းကျော် စိုက်ပျိုး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းသစ်တော ဦးစီးဌာနထံမှ သိရသည်။

ယင်းကမ်းဇော်ပင်လေးသောင်း ကျော်ကို မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလော နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် စိုက်ပျိုးမည် ဖြစ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးဖေချစ်ကပြောသည်။

“မိခင်အပင်က အစေ့တွေနဲ့ သဘာဝ မျိုးအတိုင်း ထပ်စိုက်မှာ”ဟု ဦးဖေချစ်က ပြောသည်။

တိုင်းသစ်တောဦးစီးဌာနမှ ကမ်းဇော် တော ထိန်းသိမ်းရေးအတွက် ရန်ပုံငွေ ကျပ် ၉၈ သိန်းကို တနင်္သာရီတိုင်း၏ ၂၀၁၈-၁၉ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်း တောင်းခံထားသည်။

ယင်းဖြည့်စွက်ရန်ပုံငွေဖြင့် ကမ်းဇော် တော ထိန်းသိမ်းရေးအတွက် ကမ်းဇော်ပင် စိုက်ပျိုးခြင်း၊ ကမ်းဇော်တော အစောင့်ခန့် ထားခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူ ခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဖေချစ်က ပြောသည်။

ဒေသခံအချို့က ကမ်းဇော်ပင်မှန်း မသိသဖြင့် ခုတ်လှဲနေသဖြင့် အစောင့် ခန့်ခြင်းနှင့် သတိပေးဆိုင်းဘုတ် စိုက်ထူ ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းင်းက ပြော သည်။

ကမ်းဇော်ပင် အစေ့မှရရှိသည့် ကမ်းဇော် ဆီသည် ထားဝယ်ဒေသသို့ လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုများသည့် ဒေသထွက် ပစ်္စည်း တစ်ခုဖြစ်ကြောင်း ထားဝယ်ဒေသထွက် လက်ဆောင်စ်္စည်းအရောင်းဆိုင်ဖြစ်သည့်  မလိငပိဆိုင်ပိုင်ရှင် ဒေါ်မီးဇူက ပြောသည်။

“အခုက ကမ်းဇော်ဆီဈေးက ကြီး တော့ လူတိုင်း မ၀ယ်နိုင်ကြဘူး။ အပင်တွေ များများစိုက်ရင် နောက်ဆို ဈေးကျလာပြီး လူတိုင်းသုံးနိုင်လာလိမ့်မယ်”ဟု ဒေါ်မီးဇူက ဆိုသည်။

ကမ်းဇော်ပင်သည် တနင်္သာရီတိုင်း အတွင်း မခုတ်လှဲရဟု တားမြစ်ထားသည့် သစ်ပင်အမျိုးအစားတွင် ပါဝင်ပြီး ခုတ်လှဲ သူများသည် သစ်တောဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း တိုင်းသစ်တောဦးစီး ဌာထံမှ သိရသည်။

ကျော်သူစိုး