ထားဝယ်တွင် ကွမ်းသီးဈေး သိသိသာသာ မြင့်တက်

0
3465

ဖေဖော်ဝါရီလအတွင်း ကွမ်းသီးဈေး သိသိသာသာ မြင့်တက်လာကြောင်း ထားဝယ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဇန်န၀ါရီလ နောက်ဆုံးအပတ်က တစ်ပိဿာလျှင် ကျပ် ၃၆၀၀ ခန့်သာရှိခဲ့ သည့် ကွမ်းသီးဈေးသည် ဖေဖော်ဝါရီလ အတွင်း ဈေးတက်လာပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ကျပ် ၄၄၀၀ မှ ကျပ် ၄၈၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ထားဝယ်မြို့ကွမ်းသီးဈေးကွက်အတွင်းမှ သိရသည်။

“ပထမအချက်က လုံးမှည့်တွေ တစ်လုံး ၂၆ ကျပ်ပေးပြီး တမူးက ကုန်သည်တွေ တောထဲမှာ ကိုယ်တိုင်ဆင်းပြီး ၀ယ်နေကြ လို့၊ အရင်နှစ်တွေက မ၀ယ်ဘူး၊ နောက် တစ်ချက်က လက်ရှိက အိန်္ဒိယက ၀ယ်လို အား များနေတယ်”ဟု ဗျောတောဝရပ်ကွက်ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

ကွမ်းသီးအလုံးမှည့်များကို ဈေး ကောင်းပေးဝယ်လူလာကြသည့်အတွက် ကွမ်းသီးအခြောက်လုပ်သူ လျော့နည်းလာ ကြောင်း ၎င်းင်းက ဆိုသည်။

ယင်းကြောင့် ကွမ်းသီးအခြောက်ရောင်း လိုအား နည်းလာခြင်းခြင်းကြောင့် ဈေး တက်လာခြင်းဖြစ်ကြောင်း ထားဝယ် ကွမ်းသီးဈေးကွက်အတွင်းမှ သိရသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် မိုးရာသီအတွင်း ကွမ်းသီးအစိမ်းများကိုလည်း ကွမ်းသီးခြံများအထိ လိုက်လံဝယ်ယူမှုများ လည်းရှိခဲ့သည်။

 မိုးမြင့်