တစ်ပတ်အတွင်း တနင်္သာရီလှုပ်ရှားမှုများ

0
1151
တနင်္သာရီတိုင်းစိုက်ပျိုးဦးစီးဌာနကြီးမှူးကျင်းပသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမာလ် အဆင့်မြင့်စိုက်ပျိုးနည်းပညာပေးသင်တန်းကို ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၇ ရက်အထိ ထားဝယ်မြို့တွင်ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ - တိုင်းစိုက်ပျိုးရေး


ထားဝယ်မြို့ ပညာရေးကောလိပ်၏ ၂၁ ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို မတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ဝေယံစိုး

ထားဝယ်မြို့ ၊ ဆန်းချီရပ်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းတွင် နှစ်၃၀ပြည့် ပတ္တမြားရတု နှစ်ပတ်လည်အခမ်းအနား မတ်လ ၂ရက်နေ့က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ဝေယံစိုး

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ၏ Mobile Seminar မိုဘိုင်းဆွေးနွေးပွဲကို ပုလောမြို့နယ်ရှိ ကန်းရိုးတန်းရတနာခန်းမတွင် မတ်လ ၂ ရက်နေ့က ကျင်းပခဲ့သည်။ ဓာတ်ပုံ – ဇေယျာ

လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်က မြိတ်မြို့ ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့် ကလေးဆေးကုသဆောင်တွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ကိုဆန်း

မြိတ်အများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ စတုတ္ထကြိမ်မြောက် အစုရှယ်ယာရှင်များစုံညီ အထွေထွေအစည်းအဝေးအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်က မြိတ်အများပိုင်ရုံးသစ်တွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-မြင့်မိုရ်(မြိတ်)

မြိတ်တက္ကသိုလ်တွင် ဒုတိယကြိမ်မြောက်ကျောင်းတွင်းအတာသင်္ကြန်ပွဲတော်ကို မတ်လ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-မြင့်မိုရ်(မြိတ်)