ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၄-၃-၂၀၁၉ မှ ၁၀-၃-၂၀၁၉ အထိ

0
1323
Bay-Din

တနင်္ဂနွေ

အမွေအနှစ်များ ရရှိတတ်သည်။ မိမိစိတ်ကူးကြံစည်မည့် လုပ်ငန်းများ အကောင်ထည်ပေါ်မည်။ မိမိအိမ်၌ ယာဉ်(သို့) ရွှေထွက်မည်။ ပညာရေး အဆင်ပြေမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား သင်နှင့်ချစ်သူကြားမှာ နီးသထက် နီးလာပြီ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – ချဉ်ပေါင်ရွက်၊ အုန်းနို့

ယတြာ                                – ဂန္ဓမာအဖြူ ၁၅ ပွင့် ဘုရားပန်းကပ်လှူပါ။

တနင်္လာ

လုပ်ငန်းသစ်များ လုပ်ရန် ဆန္ဒရှိလျှင် ယခုအချိန်သည် အကောင်းဆုံး ဖြစ်သည်။ ပရိဘောဂပစ္စည်းများ ၀င်မည်။ အရေးကြီးကိစ္စများ ဆောင်ရွက်လျှင် ပြောဆိုလျှင်အောင်မြင်မည်။ ပညာရေး ကောင်းပါသည်။ ဒူးနာ၊ ခါးနာ ကျန်းမာရေး သတိထားပါ။ မေတ္တာရေးသည်ကား နားလည်မှု ကွဲလွဲတတ်သောအခါ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အနီရောင်

မစားသင့်သော အစားအစာ       – ထမနဲ၊ ဒံပေါက်

ယတြာ                                – မည်သည့်အရောင်ဖြစ်ဖြစ် နှင်းဆီ ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။

အင်္ဂါ

ခရီးမကြာခဏ သွားနေရမည်။ သားသမီးရတနာ ရမည်။ ပန်ကာ၊ တီဗွီ စသော စက်ပစ်္စည်းများ မ၀ယ်ပါနှင့်။ လုပ်ငန်းကတော့ အခက်အခဲတွေ့လေ အောင်မြင်လေဖြစ်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား သင့်အတွက် အချစ်သည် ချိုမြိန်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အပြာရောင်

မစားသင့်သော အစားအစာ       – ရေခဲ၊ သရက်ကင်း

ယတြာ                                – နှင်းဆီအ၀ါ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး

နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ စက်ပစ္စည်းများ ထွက်မည်။ ငွေကြေးအလုံးအရင်း ၀င်မည်။ လုပ်ငန်းများ အောင်မြင်သည်ထက် အောင်မြင်မည်။ ပညာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား သင့်ကိုချစ်သူက မေတ္တာများ ပြန်လည် ပေးဆပ်လိမ့်မည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ ငွေရောင်

မစားသင့်သော အစားအစာ       – ဘဲဥ၊ အမဲသား

ယတြာ                                 – ကောက်ညှင်းပေါင်း ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ပညာရေးကြိုးစားသလောက် အောင်မြင်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ ခရီးသွားရခြင်း၊ ပြောင်းရွှေ့ခြင်း ဖြစ်မည်။ ယခုလ၌ ဆိုင်ကယ်၊ ယာဉ် မ၀ယ်ပါနှင့်။ သင့်အပေါ်ဂုဏ်ဒြပ်ကြီးသူများ၏ မစမှုရရှိမည်။ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဆုံစည်းခွင့်ရရန် ဇွဲမလျှော့ဖို့ လိုပါတယ်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အနီရောင်

မစားသင့်သော အစားအစာ       – ၀က်သား၊ ငုံးဥ

ယတြာ                                – သီလရှင်တစ်ပါးကို ငွေလှူဒါန်းပါ။

သောကြာ

မိမိ၏မိသားစုထဲ၌ မင်္ဂလာကိန်းများ ရှိသည်။ ပရိဘောဂပစ္စည်းများ ၀င်မည်။ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေမည်။ ပညာရေးကတော့ သင့်လမ်းခရီးက ဖြောင့်ဖြူးလျက် ရှိပါသည်။ ခါးနာတတ်သည်။ မေတ်္တာရေးသည်ကား သင့်အပေါ်ချစ်သူက အထင်လွဲတတ်သောကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – စားတော်ပဲ၊ ကြက်ဟင်းခါးသီး

ယတြာ                            – နာနတ်သီးအမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မိမိအိမ်၌ ယာဉ်ပစ္စည်းများ ထွက်မည်။ စပ်တူရှယ်ယာလုပ် ငန်းများ အကျိုးပေးမည်။ ပညာရေးသည်ကား အနည်းငယ်ကြိုးစားရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည် ယခုကာလ၌ သင့်အတွက် အိပ်မက်ဆိုးများကို ဖြတ်သန်းနေရတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မစားသင့်သော အစားအစာ       – ငါးချဉ်၊ ငါးသလောက်

ယတြာ                               – ကုသိုလ်ဖြစ် ဆေးရုံများ၌ အလှူငွေပါဝင်ပါ။

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                ဆရာရွှေစင်မြတ် (Geology)

                                                   ဝေဒလက္ခဏသုတေသီ