ကူးစက်မြန် ရေကျောက်ရောဂါ

0
3159

ရေကျောက်ရောဂါဆိုသည်မှာ Varicella-Zoster Virus (VZV) ဗိုင်းရစ်ပိုးကြာင့် ဖြစ်ပွားသောကူးစက်ရောဂါတစ်မျိုးဖြစ်ပါသည်။

ရောဂါလက္ခဏာများ

ရေကျောက်ရောဂါသည် ခန္ဓာကိုယ် အနှံ့ယားယံသော အရည်ကြည်အဖုများ မထွက်မီ (၂)ရက်ခန့်အလိုတွင်-

(၁) ဖျားခြင်း၊

(၂) နုံးချည့်ခြင်း၊

(၃) အစားအသောက်ပျက်ခြင်း၊

(၄) ခေါင်းကိုက်ခြင်း၊

(၅) ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတို့ဖြစ် တတ်ပါသည်။

ရေကျောက်ရောဂါ၏ ထူးခြားသော လက္ခဏာများ

ခန္ဓာကိုယ်အနှံ့ ယားယံသော အရည်ကြည်အဖု အပိမ့်ထွက်ခြင်းပင်ဖြစ်သည်။ အဆိုပါ အဖုအပိမ့်များသည် ရင်ဘတ်၊ ကျောကုန်းနှင့် မျက်နှာတို့၌ စတင် ပေါ်ပေါက်ပြီး ၁ ပတ်အတွင်း၌ ကိုယ်ခန္ဓာ အနှံ့သို့ ပျံ့နှံ့သွားတတ်ပါသည်။ ၎င်းနောက် အနာဖေးကွာသော အမာရွတ်ထင်ကျန်တတ်သည်။

ကလေးငယ်များ၊ အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန် နောက်ဆက်တွဲဆိုးကျိုးများအဖြစ် အဆုတ်ယောင်ခြင်း၊ ဦးနှောက်ရောင်ခြင်းနှင့် သွေးဆိပ်တက်ခြင်းတို့ ဖြစ်ပွားတတ် ပါသည်။

ကူးစက်နိုင်သည့်နည်းလမ်းများ

(၁) ရေကျောက်ရောဂါဖြစ်ပွားနေသူ၏ အရည်ကြည်အဖုအပိမ့်၊ အသုံး အဆောင်ပစ္စည်းများ နှင့် နှာရည်များကို တိုက်ရိုက်ထိတွေ့ ကိုင်တွယ်မိခြင်း။

(၂) ရောဂါဖြစ်ပွားနေသူ ချောင်းဆိုး နှာချေခြင်းမှတစ်ဆင့် ကူးစက်ခြင်း။

ကာကွယ်နိုင်သည့်နည်းလမ်းများ

(၁) တစ်ကိုယ်ရည်သန့်ရှင်းမှုကို အထူးအလေး ထားဆောင်ရွက်ရန်၊

(၂) ကိုယ်လက်စနစ်တကျဆေး ကြောရန်။

(၃) ရောဂါဖြစ်ပွားသူအား အနာဖေး ကွာကျသည်အထိ အိမ်၌သီးခြားထား ခြင်းရှိ၍ ကုသမှုခံယူ စေရန်။

(၄) လူစုလူဝေးသို့ သွားရောက်ခြင်း မှ ရှောင်ကြဉ်ရန်။

(၅) မိမိတွင် ရေကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက် ပြသ၍ ကုသမှုခံယူပါ။

ရင်းမြစ်း ကျန်းမာရေးနှင့် အားအစားဝန်ကြီးဌာန