ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၂၅-၂-၂၀၁၉ မှ ၃-၃-၂၀၁၉ အထိ

0
790
Bay-Din

တနင်္ဂနွေ

ယခုလ၌ယာဉ်၊ ကားမ၀ယ်ပါနှင့်။ ငွေကြေးများစွာ စုပုံဝင်လာမည်။ သင့်လုပ်ငန်းများ တိုးတက်ပါမည်။ သင်တန်းတက်ရခြင်း၊ ပညာရေးနှင့်ဆိုင်သော ကိစ္စများအဆင်ပြေမည်။ ၀ါယာကြိုးများ၊ ဂက်စ်အိုးများ သုံးနေလျှင် သတိထားပါ။ ဒုက္ခပေးတတ်သည်။ ကျန်းမာရေးနှင့်ပတ်သက်၍ ခေါင်းလျှော်ခြင်း သတိပြုပါ။ မေတ်္တာရေးသည်ကား သင်နှင့်ချစ်သူကြားမှာ ဝေးသွားရန်မရှိပါ။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပန်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အညိုရောင်

မသွားသင့်သော အရပ်             – အရှေ့မြောက်အရပ်

ယတြာ                                – ဖရဲသီးမှည့်ကို အစိတ်စိတ်ပြု၍ ဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

ယခုလ၌ အတွေးအခေါ်မှားတတ်သည်မို့ အရာရာဂရုစိုက်စေချင်သည်။ လူမျိုးကွဲတို့ ကူညီမစမည်။ လာဘ်လာဘများ ၀င်မည်။ မိခင်ကျန်းမာရေး ဂရုပြုပါ။ ပညာရေး၌ စိတ်အလောကြီးခြင်း၊ ပေါ့ဆခြင်းမျိုး ဂရုပြုပါ။ အလှူအတန်းများ ပြုရတတ်သည်။ မေတ္တာရေးသည်ကား စိုးရိမ်သောကကို မတွေးပါနှင့်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ လိမ္မော်ရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အစိမ်းရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                                – ထမနဲ ဆွမ်းတော်ကပ်လှူပါ။

အင်္ဂါ

သင်၏မိသားစု၌ မင်္ဂလာကိန်းများ ပေါ်ပေါက်မည်။ အလုပ်အကိုင်ဆောင်ရွက်ခြင်း၊ လုပ်ငန်းတိုးချဲ့ ခြင်းများ အဆင်ပြေမည်။ ပညာရေးကိစ္စများ အဆင်ပြေချောမွေ့မည်။ လူမျိုးကွဲတို့ ကူညီမစမည်။ အစားအစာမတည့်ခြင်းဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား မုန်တိုင်းတစ်ချက်၊ လေပြည်တစ် ချက် ဒုက္ခပေးတတ်သည်။

အကျိုးပေးသော အရောင်         – လိမ္မော်ရောင်၊ အနက်ရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်              – မြောက်အရပ်

ယတြာ                                – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော်ကပ်လှူပါ။

ဗုဒ္ဓဟူး

မြေ၀င်မည်။ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းမည်။ နိုင်ငံရပ်ခြားခရီးများသွားရတတ်သည်။ အာရုံကြော အားနည်းခြင်းမျိုးဖြစ်တတ်သည်။ တယ်လီဖုန်းများပျက်တတ်သည်။ မေတ္တာရေးသည်ကား သင်ရည်မှန်းထားသောချစ်သူက သင့်အပေါ်မေတ္တာများပြန်လည် ပေးဆပ်ပါလိမ့်မည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနီရောင်

မသွားသင့်သော အရပ်             – တောင်အရပ်

ယတြာ                               – ဘုရားစေတီရင်ပြင်၌ အမှိုက်လှည်းခြင်း ကုသိုလ်ယူပါ။

ကြာသပတေး

သင့်အိမ်၌ အလှူမင်္ဂလာကိန်းများပြုရတတ်သည်။ အစ်ကိုမောင်နှမ မိတ်ဆွေများ၏ပံ့ပိုးကူညီမှုရမည်။ အမွေအနှစ်ကိစ္စ၊ မြေကိစ္စများ စကားပြောရတတ်သည်။ ကျန်းမာရေးဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် အသွင်တူ၍ အိမ်တူဖြစ်ရမည့်ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – အ၀ါရောင်၊ အနီရောင်

မသွားသင့်သော အရပ်             – အနောက်တောင် အရပ်

ယတြာ                             – မေမြို့ပန်းတစ်စည်း ဘုရားတစ်ဆူဆူ၌ ကပ်လှူပါ။

သောကြာ

သင့်ကံသည် ထွန်းတောက်နေသောကာလ ဖြစ်သည်။ ရွှေထည်ပစ္စည်း ၀င်မည်။ ပညာရေးလည်း အဆင်ပြေမည်။ သို့သော် စကားများခြင်း၊ စွပ်စွဲခြင်းခံရတတ်သည်။ အကယ်၍သင်သည် နိုင်ငံရပ်ခြားကိစ္စသွားရန်ရှိပါက အဆင်ပြေမည်။ အူလမ်းကြောင်း၊ လိပ်ခေါင်းရောဂါများ သတိထား ပါ။ မေတ်္တာရေးသည်ကား သူများပြောတိုင်းနားမထောင်ဘဲ ကိုယ်လုပ်စရာရှိတာသာ ဆောင်ရွက်ပါ။

အကျိုးပေးသော အရောင်          – အနက်ရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – ပန်းရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်              – ရှေ့အရပ်

ယတြာ                               – ထမနဲ ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

ငွေကြေးအလုံးအရင်းဝင်မည်။ လူချစ်လူခင်ပေါမည်။ မြေ၀င်မည်။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဖြစ်မည်။ နိုင်ငံရပ်ခြားခရီးများ           သွားရတတ်သည်။ သွေးသားနှင့်ပတ်သက်သော ကျန်းမာရေး သတိပြုပါ။ မေတ်္တာရေးသည်ကား သင့်လောက်ကံကောင်းသူမရှိပါ။

အကျိုးပေးသော အရောင်         – အစိမ်းရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – ကာကီရောင်၊ အဖြူရောင်

မသွားသင့်သော အရပ်             – အရှေ့အရပ်

ယတြာ                              – မုန့်ဟင်းခါးတစ်ချိုင့် ဘုန်းကြီးကျောင်းကိုလှူပါ။

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                ဆရာရွှေစင်မြတ် (Geology)

                                                   ဝေဒလက္ခဏသုတေသီ