အခြေခံ အိမ်တွင်းလျှပ်စစ်မီးသွယ် တန်းခြင်း သင်တန်း လျှောက်နိုင်ပြီ

0
1681

မြိတ်မြို့နယ်အသင်း(ရန်ကုန်)၊ လူငယ်အသက်မွေးသင်တန်းကျောင်းတွင် ရက်သတ္တပတ် ၆ ပတ်အကြာ အခမဲ့ သင်ကြားပေးမည့် အခြေခံ အိမ်တွင်းလျှပ် စစ်မီးသွယ်တန်းခြင်းသင်တန်းအတွက် လျှောက်ထား နိုင်ပြီဖြစ်ကြောင်း မြိတ်မြို့မှ စာရင်းလက်ခံပေးနေသူ ဦးမင်းလွင်ဦးထံမှ သိရသည်။

အဆိုပါ သင်တန်းကို မြိတ်မြို့နယ်အသင်း(ရန်ကုန်)မှ ဦးစီးပြီး လူငယ်များအသက်မွေးဝမ်းကျောင်း အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းအတွက် အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့်ရှိ မည်သူမဆို ကိုယ်ရေးအကျဉ်းနှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့ နယ်အသင်း(ရန်ကုန်)၏ သင်တန်းခေါ်သည့် ကြော်ငြာတွင် ဖော်ပြထားသည်။

မြိတ်မြို့မှ တက်ရောက်လိုသူများအနေဖြင့် ဦးမင်းလွင်ဦး ဖုန်းနံပါတ် ၀၉ ၄၅၀၉၉၃၅၃၈ ထံ ဆက်သွယ်လျှောက်ထား နိုင်ကြောင်း သိရသည်။

ရွေးချယ်ခံရသည့် ရန်ကုန်နေ သင်တန်းသူ/သားများအတွက် စားစရိတ် ငြိမ်းနှင့် မြိတ်သူ/သားများအတွက် စားစရိတ်ငြိမ်းနှင့် နေရာထိုင်ခင်းတို့အား စီစဉ်ပေးမည်ဖြစ်ကြောင်း ယင်းကြော်ငြာအရ သိရသည်။

မြင့်မိုရ်(မြိတ်)