ပလောက်တွင် တတိယတန်း ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရ

0
862

ပလောက်မြို့တွင် အသက် ကိုးနှစ်အရွယ်ရှိ တတိယတန်းကျောင်းသူတစ်ဦး ဖေဖော်ဝါရီ ပထမပတ်က မုဒိမ်းကျင့်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပလောက်မြို့၊ နန်းသီလာကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းက စာသင်ကျောင်းတွင် အချိန်ပိုသင်ယူပြီး နေအိမ်သို့ပြန်လာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နေအိမ်သို့ ပြန်လာစဉ် ယင်းကျောင်းသူ၏ အဘိုးပိုင်ဆိုင်သည့် ဥယျာဉ်ခြံအ၀င်ဝတွင် အသက် ၁၉ နှစ်အရွယ်ရှိ တစ်ရွာတည်းနေ အမျိုးသားက တောထဲသို့ ခေါ်ဆောင်ကာ ထန်းပင်အောက်၌ မုဒိမ်းကျင့်ခဲ့သည်ဟု အဆိုပါ ကျောင်းသူက အဘိုးဖြစ်သူကို ပြောပြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်မဖြစ်ပွားမီ ၁၅ ရက် ခန့်ကလည်း အဆိုပါနေရာတွင်ပင်တစ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဟု ပြောဆို ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အသက်ကိုးနှစ်အရွယ်ရှိ တတိယတန်းကျောင်းသူကို မုဒိမ်းကျင့်သည့် အမျိုးသားကို အရေးယူပေးရန် ဖေဖော်ဝါရီ လ ၁၅ ရက်တွင် လာရောက်တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ- ၃၇၆ ဖြင့် ပလောက်နယ်မြေရဲစခန်းတွင် အမှုဖွင့် ထားကြောင်းတိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

Dawei Watch