စပါးတောင်တွင် ဥာဏ်တော် ပေရှစ်ဆယ်ကျော်ရှိ ရုပ်ပွားတော်တည်ရန် ပြင်ဆင်

0
678

ထားဝယ်မြို့အနီးရှိ အရှေ့ပုပ္ပါး တောင်ခေါ် စပါးတောင်တွင် ဥာဏ်တော် ပေရှစ်ဆယ်ကျော်ရှိ ထိုင်တော်မူ ရုပ်ပွားတော်တစ်ဆူ တည်ထားရန် ပြင်ဆင်နေကြောင်း အဆိုပါတောင်တွင် ၀ယျာဝစ္စလုပ်ငန်းများ လုပ်ကိုင်နေသည့် တောင်ပွားကျောင်းတိုက်မှ အခန်းနေသံဃာ ဦးဥာဏသာမိက မိန့်သည်။

စပါးတောင်၏ အနောက်မြောက်ဘက် (ထားဝယ်မြို့ဘက်)ကို မျက်နှာမူကာ တည်ထားမည့် ရုပ်ပွားတော်မှာ  နှစ်ထပ် အဆောက်အအုံပေါ်တွင် အောက်ခံကြာပလ္လင်ခံကာ တည်ထားမည်ဖြစ်ပြီး စုစုပေါင်းအမြင့်မှာ ၈၁ ပေ  ရှိမည်ဖြစ်ကြောင်း ဦးဥာဏသာမိက မိန့်သည်။

ဘုရားရုပ်ပွားတော်၏ သီးခြားဥာဏ် တော်အမြင့်မှာ ၃၆ ပေရှိမည်ဖြစ်ကြောင်း သိရသည်။

“ဘယ်အချိန်စတည်မယ်ဆိုတာကတော့ တိုင်ပင်နေတုန်းပဲ၊ ဒီနှစ်ထဲမှာလည်း စဖြစ်ချင်ဖြစ်မယ်”ဟု ဦးဥာဏ သာမိက မိန့်ကြားသည်။

ရုပ်ပွားတော်တည်ထားမှုမှာ အလှူငွေရရှိမည့်အပေါ် မူတည်ကာ ကြာမြင့်နိုင်ကြောင်း ဦးဥာဏသာမိက မိန့်သည်။

စပါးတောင်(မောင်တော်တောင်)ပေါ်တွင် တည်ထားမည့် ဘုရားရုပ်ပွားတော်နှင့် ပတ်သက်၍ အလှူငွေများလှူဒါန်းလိုပါက တောင်ပွားကျောင်းဆရာတော် ဦးကောဝိဒထံ ဖုန်း – ၀၉၄၂၂၂၀၂၀၈၉ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကိုဇော်