ထားဝယ်တက္ကသိုလ်ဆရာများသမဂ္ဂ အလုပ်မှုဆောင်အဖွဲ့ ဖွဲ့စည်း

0
476

ထားဝယ်တက္ကသိုလ်ဆရာများ သမဂ္ဂအလုပ်မှုဆောင်အဖွဲ့ကို ဖေဖော်ဝါရီလ ၁၉ ရက်က ဖွဲ့စည်းခဲ့ကြောင်း ယင်း တက္ကသိုလ်ထံမှ သိရသည်။

ဆရာများသမဂ္ဂအဖွဲ့ဝင်များမဲပေးရွေးချယ်မှုဖြင့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး အစရှိသည့် အဖွဲ့ဝင် ၇ ဦးဖြင့် အလုပ်မှုဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခ ဒေါက်တာရီရီရွှေက ပြောသည်။

ထားဝယ်တက္ကသိုလ်ဆရာများသမဂ္ဂကို ဖေဖော်ဝါရီလ ၁၉ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၅၁ ဦးရှိကြောင်း ဒေါက်တာရီရီရွှေက ပြောသည်။

အခြားတက္ကသိုလ်များကဲ့သို့ ထားဝယ်တက္ကသိုလ်တွင်လည်းရှိသင့်သောကြောင့် ထားဝယ်တက္ကသိုလ်တွင်လည်း ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရည်ရွယ်ချက်က ဆရာ၊ ဆရာမ လိုအပ်ချက်တွေကို ဖြေရှင်းပေးဖို့ပါ”ဟု ဒေါက်တာရီရီရွှေက ဆိုသည်။

ထားဝယ်ခရိုင်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)နှင့် နည်းပညာတက္ကသိုလ်(ထားဝယ်) တို့တွင်လည်း ဆရာများသမဂ္ဂများကို ဖွဲ့စည်းထားပြီးဖြစ်သည်။

မိုးမြင့်