ရေနစ်နေသူအား ဆင်းကယ်သူ ရေနစ်သေဆုံး

0
825

တနင်္သာရီမြို့နယ်တွင် ရေနစ်နေသူကို ဆင်းကယ်သူတစ်ဦး ဖေဖော်ဝါရီလ ၉ ရက်က ရေနစ်သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

တနင်္သာရီမြို့နယ်၊ မော်တုန်းကျေး ရွာအုပ်စုတွင် ရေနစ်နေသည့် အသက်ငါးနှစ်အရွယ်ရှိ ကလေးငယ်ကို ဆင်းကယ်သည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်မှာ ရေနစ်သေဆုံးသွားခဲ့ကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အနောက်မော်တုန်းချောင်းအတွင်းရှိ ကူးတို့ဆိပ်ခံပေါ်တွင် သေဆုံးသည့် အမျိုးသမီးငယ်နှင့် အဒေါ်ဖြစ်သူတို့ အ၀တ်လျှော်နေစဉ် ငါးနှစ်အရွယ် မိန်း ကလေးငယ်တစ်ဦး ရေနစ်နေခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ရေနစ်နေကြောင်း အော်သံကြားသဖြင့် ကူညီကယ်ဆယ်ရန် သေဆုံးသည့် အမျိုးသမီးငယ်က ရေထဲခုန်ဆင်းရာ ပြန်ပေါ် မလာတော့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

နှစ်ဦးစလုံး ပြန်ပေါ်မလာသည့်အတွင် အနီးရှိရွာသားများက ၀ိုင်းဝန်းရှာဖွေရာ အသက် ငါးနှစ်အရွယ် ကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သော်လည်း ရေနစ်၍ ဆင်းကယ်သည့် အမျိုးသမီးငယ်ကိုမူ သေဆုံးလျက် ဆယ်ယူရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။