ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း တိုင်းအတွင်းမှ လူထုများ ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဆိုင်းဘုတ်စာသားများ

0
983

တနင်္သာရီတိုင်းအစိုးရသက်တမ်း ၃ နှစ်ပြည့်ခါနီး အချိန်တွင် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်းခရီးစဉ်အတွင်း တိုင်းအတွင်းလူထုက တိုင်းတွင်း ပြဿနာများ၊ သဘောထားများနှင့် ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

တိုင်းအတွင်းပြဿနာများနှင့် တိုင်းအတွင်း လူထု၏ သဘောထား အသီးသီးကိုလူထု စေ့ငုမိစေရန် လက်လှမ်းမီသမျှစုစည်း ဖော်ပြလိုက်ပါသည်။

၁။ တနင်္သာရီတိုင်း ဘူဇွာအစိုးရအား ပြုပြင်ပေးပါ။

၂။ ၂၀၂၀ တွင် NLD ပါတီ အပြတ်အသတ် အနိုင်ရလိုပါက ၀န်ကြီးချုပ် Dr.လဲ့လဲ့မော်၊ တိုင်း NLD ဥက္ကဌ    ဦးအောင်စိုး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဖြိုးဝင်းထွန်း ဖယ်ရှားပေးပါ။

၃။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အား လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှု ရှိ/မရှိ စိစစ် အရေးယူပေးပါ အမေ ။

၎။ အမေ တနင်္သာရီကို လူစားလဲပေးပါ။

၅။ တနင်္သာရီတိုင်း ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး …. တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး အားဖယ်ရှားပေး။

၆။ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံး ပြောင်းပေး ….

၇။ NLD ပါတီ ပုံရိပ်ကျဆင်းစေသော တိုင်းNLD ဥက္ကဋ္ဌ ဦးအောင်စိုး၊ တိုင်းဝန်ကြီးချုပ် Dr. ဒေါ်လဲ့လဲ့မော်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား အမြန်ဖယ်ရှားပေးပါ။

၈။ လူငယ်တွေရဲ့ အနာဂတ် ဖျက်ဆီးခံနေရပြီ။

၉။ တနင်္သာရီတိုင်း NLD ကို ပြုပြင်ပေးပါ။

၁၀။ ကျွန်ုပ်တို့ တနင်္သာရီတိုင်းသည် Animal Farm  ဖြစ်နေပါပြီ…..

၁၁။ လက်ရှိ အာဏာရ အစိုးရနှင့် ပြည်သူလူထုအကြား ဗြောင်လိမ်ဗြောင်စားလုပ်နေသော တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးအား အရေးယူပေးပါ….

၁၂။ အမေစု တနင်္သာရီတိုင်း ၀န်ကြီးချုပ်ကို ဆုံးမရုံနဲ့မရဘူး “ဖြုတ်ချ” အရေးယူ ဆောင်ရွက်ပေးပါ။

၁၃။ ထားဝယ်မြို့သစ်စီမံကိန်း ပြဿနာ ဖြေရှင်းပေးပါ။

၁၄။ အမေအတွက် လက်ဆောင် “ထားဝယ်ကြိမ်”။

၁၅။ မောင်းမကန်ကမ်းခြေ တပ်စွန့်မြေများအား DDPC  ကုမ္ပဏီမှ “ပြန်ယူပေးပါ”- အမေ။

၁၆။ တလိုင်းယာ တပ်စွန့်မြေ မူလပိုင်ရှင် “မရသေး”  – ရွာသားများ။

၁၇။ ဇလွန်း၊ သဗြေချောင်း တပ်သိမ်းမြေ “ပြန်ပေးပါ”။

၁၈။ မြေယာ သိမ်းဆည်းခံတောင်သူလယ်သမားများမှ လှိုက်လှဲစွာ ကြိုဆိုပါသည်။

၁၉။ တိုင်း NLD နဲ့ ဦးအောင်စိုး လဲရတော့မှာလား …… အမေ …….

၂၀။ အမေနဲ့ တွေ့ချင်နေတဲ့ ပြည်သူတွေ ခန်းမထဲ ၀င်ခွင့်မရဘူး အမေ။

၂၁။ အမေ မူဝါဒလမ်းစဉ်ကို ဆန့်ကျင်သော တနရ ၀န်ကြီးချုပ် Dr. လဲ့လဲ့မော်အား စစ်ဆေး အပြစ်ပေး အရေးယူပေးပါ အမေ။

၂၂။ (၈) ဘီလီယံနစ်နာမှုမှာ တာဝန်ရှိသူများကို အရေးယူပေးပါ အမေစု။

၂၃။ တနင်္သာရီတိုင်းတင်ဒါ ကော်မတီရဲ့ လုပ်စားကွက်များအား စိစစ်ဖော်ဆောင်ပေးပါ။

၂၄။ ယနေ့ပြောင်းလဲမှုသည် အနာဂတ်နိုင်ငံရေး လှပသန့်ရှင်းဖို့ ဖြစ်သည်။

၂၅။ မြေယာ ပြဿနာများကို ဖန်တီးနေသော လယ်ဆည်ဝန်ကြီး အလိုမရှိ။

၂၆။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရေဖြူမြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လှိုက်လဲစွာ ကြိုဆိုပါ၏။

၂၇။ တနင်္သာရီကမ်းရိုးတန်းရှိ အခြေခံတံငါသည်များ အနိုင်ကျင့် ခံနေရသည်။ အမေစု

၂၈။ မြေသိမ်းအကွက်ရိုက်ရောင်းစား DDPC ကုမ္ပဏီနှင့် တိုင်းအစိုးရအား ဆုံးမ အရေးယူပေးပါ။

၂၉။ အမေစု ကျန်းမာပါစေ။

၃၀။ တနင်္သာရီတိုင်းသူ၊ သားများ၏ အသံကို နားထောင်ရင် ၀န်ကြီးချုပ်အား အမြန်ဆုံး ဖြုတ်ချပေးပါ။

၃၁။ တစ်တိုင်းလုံး အပြောင်ခိုးစားနေတာတောင် ပြုတ်ရုံလေးဆို နောက်ထပ်တက်မဲ့ တိုင်းအစိုးရက “စောရ” တွ ဖြစ်ကုန်လိမ့်မယ် …. အမေ “စောရ”တွေ ဖြစ်ကုန်လိမ့်မယ်….



၃၂။ ၂၀၂၀ တွင် NLD လည်း အနိုင်ရ နိုင်ငံကောင်းကျိုးဖြစ်စေဖို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေးပါ။

၃၂။ ပြည်သူမျက်နှာ မထောက်သော NLD တိုင်း ဥက္ကဋ္ဌနှင့် တိုင်းဝန်ကြီးချုပ်တို့အား ပြည်သူမျက်နှာထောက်၍ အရေးယူပေးပါ အမေစု။

၃၃။ ခရိုနီအားပေး တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးအား အလိုမရှိ။

၃၄။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အား အယုံအကြည် မရှိ စိတ်ပျက်တယ်။

၃၅။ ပါတီစည်းမျဉ်းစည်းကမ်း အလွဲသုံးစား အုပ်စုဖွဲ့ လုပ်ဆောင်နေသော ဦးအောင်စိုးအား ဖယ်ရှားပေး။

၃၆။ မြင်းခွာအော်ကမ်းခြေ၊ ဖိုးဖိုးကျောက်ကမ်းခြေ တောင်သူများအား ကာကွယ်ပေးပါ။

၃၇။ စိုက်ပျိုးရေး သိပ္ပံကျောင်း ရွာသားများ အိမ်နှင့် ဥယျာဉ်ခြံများ မူလအတိုင်း ထားပေးပါ။

၃၈။ တရားမ၀င် လေလံငွေစုမဲ ပြဿနာ (တရားသူကြီး)အား “အမြန်ဆုံး အရေးယူပေးပါ” လောင်းလုံးမြို့နယ် တရားရုံးအား စစ်ဆေးပေးပါ။

၃၉။ တနင်္သာရီတိုင်းအတွင်းရှိ မြေများသည် တိုင်း/သူများ (တိုက်ရိုက်၊သွယ်ဝိုက်) အသုံးချနေကြသော မြေများဖြစ်သည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ “မဟုတ်ပါ”။

၄၀။ ကော့သောင်းမြို့မှာ လျှပ်စစ်ဓာတ်အားခ ပြည်မကြီးနှင့် (၁၂) ဆ ကွာနေတယ်။

၄၁။ မီတာခ ဈေးသက်သာစေရန် အမေ ကူညီပါ။

၄၂။ ကျွန်းတွေ ကုန်သွားပြီ ကော့သောင်းမြို့သူ၊ သားများ ဆင်းရဲနေတုန်း။

၄၃။ တနင်္သာရီတိုင်းကို မြင်အောင်ကြည့်ပေးပါ“အမေ”

၄၄။ လူထုယုံကြည်မှုကျဆင်းနေသော တိုင်းအစိုးရ ပြုပြင်ပေးပါ။

၄၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မွန်တိုင်းရင်းသားများမှ လှိုက်လှဲစွာကြိုဆိုပါ၏။

၄၆။ အမေစုကို ဂရုစိုက်တဲ့အတွက် ချယ်ရီထက်အဖွဲ့ကို ကျေးဇူးတင်ပါတယ်။

၄၇။ “Animal Farm”” in Tanintharyi Use you own wisdom.

၄၈။ တိုင်းအတွင်းရှိ Monster Get Out အမေစု ကျန်းမာပါစေ။

၄၉။ လဲပေးချိန်တန်ပြီ။

၅၀။ နိုင်ငံရေးလုပ်စားများကို ဖယ်ရှားပေးပါ။

၅၁။ Check your knees out, it is not healthy. Risk for All.

၅၂။ အမေစု အလိမ်ခံထိနေပြီ။

၅၃။ အမေစု အနီးဆုံးသူတွေ ပြည်သူအပေါ် သစ်္စာဖောက်နေပြီ။

၅၄။ အမေ  . . . မြိတ်ခရိုင်အတွင်းရှိ ဒီရေတောများ ပျက်စီးဆုံးရှုံးနေခြင်း ကာကွယ်/တားဆီးပေးပါ။

၅၅။ အာဏာရှင် Dr. လဲ့လဲ့မော်ကို စစ်ဆေး အပြစ်ပေး အရေးယူပေးပါ  . . . အမေ ။

၅၆။ တနင်္သာရီတိုင်းအတွင်းရှိ မြေများသည် တိုင်းသူ/သား (တိုက်ရိုက်/သွယ်ဝိုက်) အသုံးချနေကြသော မြေများ ဖြစ်သည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ မဟုတ်ပါ။

၅၇။ စိုက်ပျိုးရေးသိပ္ပံကျောင်း  ရွာသားများ အိမ်နှင့် ဥယျာဉ်ခြံများ မူလအတိုင်း ထားပေးပါ။

၅၈။ မိသားစု စီးပွားရှာ နိုင်ငံရေး လုပ်စားသူများအား ပြင်းထန်စွာ အရေးယူပေးပါ  အမေစု။

၅၉။ ပြည်သူ့မျက်နှာ မထောက်သော NLD တိုင်း ဥက္ကဋ္ဌနှင့် တိုင်း ၀န်ကြီးချုပ်တို့အား ပြည်သူ့မျက်နှာ ထောက်၍ အရေးယူပေးပါ အမေစု ။

၆၀။ တနင်္သာရီတိုင်းအား မိမိကိုယ်ကျိုးအတွက် ခြယ်လှယ်နေသော NLD ဗဟို ကော်မတီဝင် ဦးအောင်စိုးအား အရေးယူပေးပါ။

၆၁။ ကျွန်တော်တို့ တနင်္သာရီတိုင်းအစိုးရ၏ အဂတိ လိုက်စားမှုများအား အမြန်ဆုံးအရေးယူဆောင်ရွက်ပေးပါ။

၆၂။ အမေနှင့် NLD ပါတီကို ထောက်ခံ ပြည်သူများ။

၆၃။ အမေစု ကျန်းမာပါစေ၊ သက်တော် ရာကျော် ရှည်ပါစေ။

Dawei Watch