GGS ကိစ္စ စုံစမ်းစစ်ဆေးနေပြီး အဖြေပေါ်လာပါက ပြည်သူကို တင်ပြမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြော

0
848

ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေး လုပ်ငန်းလုပ်နေသည့် GGS ကုမ္ပဏီက နိုင်ငံတော်အစိုးရထံ ပေးသွင်းရမည့် ဂက်စ်ဖိုးငွေအကြွေးကိစ္စနှင့် ကွက်လပ်စာချုပ်ကိစ္စများကို စုံစမ်းစစ်ဆေးနေပြီး အဖြေထွက်ပေါ်လာပါက ပြည်သူများထံ တင်ပြမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က ပြောသည်။

အထက်ပါ ကုမ္ပဏီနှင့် ပတ်သက်သည့် ကိစ္စများကို ၎င်းအနေဖြင့် သိရှိထားပြီး သက်ဆိုင်ရာဌာနက စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထားဝယ်မြို့ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၁၅ ရက်က ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံတစ်ဦး၏ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စုံစမ်းစစ်ဆေးတဲ့ အဖြေပေါ်လာ လို့ရှိရင် ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်းနဲ့ တင်ပြမှာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဆိုပါ GGS ကုမ္ပဏီသည် နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ အကြွေး ကျပ် ၈ ဘီလီယံကျော်ကို ပေးသွင်းရန် ပျက် ကွက်နေသည့် ကုမ္ပဏီ ဖြစ်သည်။

GGS ကုမ္ပဏီက ပေးရန်ကျန်ရှိနေသည့် ဂက်စ်ဖိုး ကျပ် ရှစ်ဘီလီယံကျော်အား လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနက ၁၄ ကြိမ် တောင်းခံ ထားပြီးဖြစ်ကြောင်း ၀န်ကြီးဌာန တာဝန်ရှိ သူက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောဆိုထားသည်။

ယင်းအပြင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းနှင့်ပတ်သက်၍ ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် လုံးဝမပေးဆောင် သေးကြောင်းGGS  ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ ဦးအောင်မြတ်က ဒီဇင်ဘာလ ၁၅ ရက်က ပြောဆိုထားသည်။

ထို့အပြင် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ထုတ်ပြန်သည့် တိုင်းဒေသကြီး အစိုးရနှင့်GGS  ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် လျှပ်စစ်ထုတ်လုပ်ရေး စာချုပ်တွင် အဓိကအရေးပါသည့် အချက် အလက်နေရာများတွင် ကွက်လပ်များ ချန်လှပ်ထားခဲ့သည်။

ပေးသွင်းရမည့် ဂက်စ်ဖိုးငွေမှာ အဆင့် သင့်ရှိနေသော်လည်း ယင်းငွေကို လိုချင် ပါက ၀န်ကြီးဌာနအနေဖြင့် ကုမ္ပဏီနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပေးရန် ယင်းကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်မြတ် က ပြောဆိုထားသည်။

ကိုဇော်