ပြေးခုန်းပစ် ကစားသမားများကို တစ်လကြာ လေ့ကျင့်ပေးမည်

0
3446

တိုင်းအတွင်း အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ကစားသမားများကို တစ်လကြာ အထူးသင်တန်းပေးကာ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ထားဝယ်မြို့တွင် မတ်လ ၂၆ မှ ၂၈ အထိ ကျင်းပမည့် မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ထူးချွန်သူများကို ရွေးချယ်ကာလေ့ကျင့်ပေးမည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

တိုင်းနှင့်ပြည်နယ် အသက် ၁၈ နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် နှစ်နှစ် ဆက်တိုက် စုပေါင်း တံခွန်စိုက်ဆုရယူထားသည့် စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ယင်းသင်တန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

“ဒီသင်တန်းရဲ့ ကောင်းကျိုးတွေကြောင့် (တိုင်းနှင့်ပြည်နယ်) ပြေးခုန်ပစ် ပြိုင်ပွဲတွေမှာ တံခွန်စိုက် ဒိုင်းတွေရနေတာ”ဟု ၎င်းက ဆိုသည်။

ဆယ်မြို့နယ် ပြေးခုန်ပစ်ပြိုင်ပွဲမတိုင်မီ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဆင့်မြင့် ပြေးခုန်ပစ်နည်းပြ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းဆင်း နည်းပြများက ပြေးခုန်ပစ် အားကစား သမားများကို တစ်လကြာ လေ့ကျင့်ပေးမည် ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲဝင်မည့် လက်ရွေးစင်များကို သြဂုတ်လတွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး