ငါးရာတန် ထီလက်မှတ်များ ဧပြီလကုန် ဖျက်သိမ်းမည်ဟုဆို

0
783

ငါးရာကျပ်တန် အောင်ဘာလေထီ လက်မှတ်များ ၂၆ ကြိမ်ထွက်ရှိမည့် ဧပြီလကုန်တွင် ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း  အောင်ဘာလေသိန်းဆုဌာနခွဲရုံးနှင့် ထားဝယ်မြို့ရှိ ထီဆိုင်အချို့ထံမှ သိရသည်။

လက်ရှိတွင် ကျပ် ၁၀၀၀ တန်ထီ ပေါ်လာသည့်အတွက် ထီထိုးသူများမှာ ကျပ် ၅၀၀ တန်ထီကို စိတ်ဝင်စားမှုနည်းကာ ကျပ် ၁၀၀၀ တန်ထီကိုသာ ၀ယ်ယူသွားတတ်သည်ဟု  ထားဝယ်မြို့ နိဗ္ဗာန်လမ်းရှိ ရွှေမြန်မာအရောင်းကိုယ်စားလှယ် ဒေါ်ချိုမာဆန်းက ပြောသည်။

“သုံးလပဲ လိုတော့တယ်၊ အောင်ဘာလေရုံးက ပြောတာ၊ မိုးယံကတော့ပြော လာတာမျိုးမရှိသေးဘူး”ဟု ထားဝယ်မြို့ မိုးယံမူလပင်ရင်းထီဆိုင် ဖြစ်သည့် Deluxe II  ဆိုင်ရှင် မစုဝေဖြိုးက ပြောသည်။

၂၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီလက်မှတ်များကို ဧပြီလကုန်တွင် ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း အောင်ဘာလေသိန်း ဆုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိအိခိုင်က Eleven Broadcasting သတင်းဌာနသို့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ဖြေဆိုထားသည်။

မိုးမြင့်