ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၁၈-၂-၂၀၁၉ မှ ၂၄-၂-၂၀၁၉ အထိ

0
802
Bay-Din

တနင်္ဂနွေ

ဘုရားဖူးခရီးများ သွားရမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ လာဘ်လာဘများ ပေါများမည်။ စီးပွား ရေးလုပ်ငန်းများ အောင်မြင်မည်။ ကား၊ ယာဉ်ထွက်မည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူအပေါ် သ၀န်တိုစိတ် မမွေးပါနှင့်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အပြာရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                     – ဘုရားတစ်ဆူဆူ၌ သစ္စာပန်းတစ်စည်း ကပ်လှူပါ။

တနင်္လာ

အမွေအနှစ်များ ရရှိတတ်သည်။ အမျိုးသမီးတစ်ယောက်၏ ကူညီမစမှု ခံရမည်။ လာဘ်လာဘများ ၀င်မည်။ ခြေထောက်အနာတရ ဖြစ်ရတတ်သည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူကိုချော့ရမည့် ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပန်းရောင်

အကျိုးမပေးသော အရောင်       – အနက်ရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – အနောက်တောင်အရပ်

ယတြာ                     – နှင်းဆီ ၇ ပွင့် မွေးနံထောင့်၌ ဘုရားကပ်လှူပါ။

အင်္ဂါ

ဆွေမျိုးသားချင်းတို့၏ ကူညီမစမှု ခံရမည်။ သင့်အိမ်၌ စက်ပစ်္စည်းတစ်ခုခု ၀င်မည်။ ကြံစည်ထား သော အကြံအစည် ပျက်တတ်သည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း များမည်။ ကျန်းမာရေး ကောင်းပါသည်။ မေတ္တာရေးသည်ကား သင်နှင့်ချစ်သူအကြား နားလည်မှုလွဲတတ်သော ကာလ ဖြစ်သည်။

အကျိုးပေးသော အရောင်         – အနက်ရောင်၊ အစိမ်းရောင်

အကျုးမပေးသော အရောင်       – အပြာရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – မြောက်အရပ်

ယတြာ                      – သိမ်၊ ကျောင်းဆောက်လုပ်ပြုပြင်ရာ၌ အလှူငွေပါဝင်ပါ။

ဗုဒ္ဓဟူး

ပညာရေးကိစ္စများ ကောင်မွန်သည်။ ဆိုင်ကယ်၊ ယာဉ်များ ရောင်းထွက်မည်။ ဆွေမျိုးသားချင်းထဲ၌ မင်္ဂလာကိန်းရှိသည်။ အလုပ်ဝန်ပိတတ်သော ကာလမျိုး ဖြစ်သည်။ နှလုံးအားနည်းခြင်း ဖြစ်တတ် သည်။ မေတ္တာရေးသည်ကား အိပ်မက်နှင့် လက်တွေ့တစ်ခြားစီဖြစ်နေတတ်သည်။

အကျိုးပေးသော အရောင်         – အပြာရောင်၊ ပြောက်ကျားရောင်

အကျိုးမပေးသော အရောင်       – လိမ္မော်ရောင်၊ အနီရောင်

မသွားသင့်သော အရပ်            – အနောက်အရပ်

ယတြာ                     – ကလေးများကို မုန့်ဝယ်ကျွေးပါ။

ကြာသပတေး

လူငယ်များအလုပ်အကိုင် အခွင့်အလမ်းများ၍ အောင်မြင်တတ်သောကာလ ဖြစ်သည်။ ခရီးမကြာ ခဏသွားနေရတတ်သည်။ အလှူအတန်းများ ပြုရတတ်သော ကာလဖြစ်သည်။ ငွေကြေးအထွက်များ တတ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ အစာအိမ်ရောဂါများ သတိထားပါ။ မေတ္တာရေးသည်ကား သင့်ဘက်ကဇွဲမလျှော့ပါနှင့်။

အကျိုးပေးသော အရောင်         – အဖြူရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – အနီရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – အရှေ့အရပ်

ယတြာ                      – သစ္စာပန်းတစ်စည်း ဘုရားပန်း ကပ်လှူပါ။

သောကြာ

လက်ဝတ်ရတနာများဝင်မည်။ ဘုရားဖူးခရီးများ သွားရမည်။ လူချစ်လူခင် ပေါမည်။ စိတ်ပင်ပန်း စရာ ကိစ္စများ အနည်းငယ်ကြုံရမည်။ လုပ်ငန်းကတော့ ကြာလေအောင်မြင်လေဖြစ်မည်။ ကျန်းမာရေး နှင့်ပတ်သက်၍ စိုးရိမ်စရာမရှိပါ။ မေတ္တာရေးသည်ကား သူနဲ့ကိုယ်ကြားမှာ အိုအေစစ်လေး တစ်ခု ဖြစ်နေမည်။

အကျိုးပေးသော အရောင်         – အညိုရောင်၊ လိမ္မော်ရောင်

အကျိုးမပေးသော အရောင်       – အစိမ်းရောင်၊ အ၀ါရောင်

မသွားသင့်သော အရပ်            – တောင်အရပ်

ယတြာ                      – သီလရှင်ကို ငွေလှူဒါန်းပါ။

စနေ

မရောက်ဖူးသေးသော အရပ်ဒေသများသို့ ခရီးရှည်သွားရမည်။ မော်တော်ကား(သို့မဟုတ်) ပုလဲ ရတနာများဝင်မည်။ နာရီတစ်လုံး လက်ဆောင်ရမည်။ လူမျိုးကွဲတို့ ကူညီမစမည်။ သွေးတိုးရောဂါ ဒုက္ခပေးတတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်အချစ်မှန်ကို ပိုင်ဆိုင်ခွင့်ရမည်။

အကျိုးပေးသော အရောင်         – ပြောက်ကျားရောင်၊ အစိမ်းရောင်

အကျိုးမပေးသော အရောင်       – ခဲရောင်၊ ရွှေရောင်

မသွားသင့်သော အရပ်            – အရှေ့မြောက်အရပ်

ယတြာ                      – ရွှေရင်အေးမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

                                                   လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

                                                ဆရာရွှေစင်မြတ် (Geology)

                                                   ဝေဒလက္ခဏသုတေသီ