ကဏန်းဖမ်းသူတစ်ဦး မိကျောင်း ကိုက်ခံရ၍ သေဆုံး

0
727

ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး ဖေဖော်ဝါရီလ ၁၃ ရက်က မိကျောင်းကိုက်ခံရ၍ သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ ရေငံကြီးကျေးရွာ အနီးရှိ ချောင်းလက်တက်တစ်ခုအတွင်း ကဏန်းဖမ်းသည့် အသက် ၅၆ နှစ်အရွယ်ရှိ အမျိုးသားကို ကိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်တွင် သေဆုံးသူ အပါအ၀င် လူငါးဦးက ကဏန်းဖမ်းရန် လှေဖြင့် ထွက်ခွာလာကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းနောက် တစ်ဦးချင်း(လူခွဲပြီး) ခွဲကာ ကဏန်းဖမ်းဆီးပြီး ရွာပြန်ရန် လှေဖြင့် သွားကြိုချိန်တွင် အထက်ပါ အမျိုးသားကို ချောင်းဝမှ တစ်မိုင်ခန့်အကွာရှိ ရေအိုင်ငယ်အတွင်း သေဆုံးလျက်တွေ့ရ ပြီး လက်မောင်းပြတ်ထွက်သည့် ဒဏ်ရာများ အပါအ၀င် မိကျောင်းကိုက်ခံထားရသည့် အခြားဒဏ်ရာများ တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ကိုဇော်