တနင်္သာရီတိုင်းတွင် ဆေးယဉ်းပါး တီဘီဖြစ်ပွားသူ ပိုများလာ

0
517

တနင်္သာရီတိုင်းအတွင်း ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားသူ ၂၀၁၈ ခုနှစ်တွင် နှစ်ဆယ်ခန့် ပိုလာကြောင်း တနင်္သာရီတိုင်း တီဘီရောဂါတိုက်ဖျက်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ဆေးယဉ်ပါး တီဘီဖြစ်ပွားသူ လူနာအသစ် ထားဝယ် ခရိုင်တွင် ၂၂ ဦး၊ မြိတ်ခရိုင်တွင် ၃၈ ဦး၊ ကော့သောင်းခရိုင်တွင် ၁၁ ဦး စုစုပေါင်း ၇၁ ဦး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

၂၀၁၇ ခုနှစ်တွင် ဆေးယဉ်းပါးတီဘီဖြစ်ပွားသူ ထားဝယ်ခရိုင်တွင် ၁၇ ဦး၊ မြိတ်ခရိုင်တွင် ၃၂ ဦး၊ ကော့သောင်းခရိုင်တွင် ၆ ဦး စုစုပေါင်း လူနာအသစ် ၅၇ ဦးရှိ ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

“လူနာများလာတယ်ဆိုတာက ဒီဘက်ခေတ်မှာ ပိုပြီး လုပ်နိုင်ကိုင်နိုင်လာတော့ ပြည်သူလူထုထဲမှာ ဆေးယဉ်ပါး တီဘီဖြစ်ပွား နေတဲ့သူတွေကို ပိုရှာနိုင်လာ တာလည်း ပါတယ်”ဟု ဒေါက်တာ ထင်ဇော်အောင်က ဆိုသည်။

ဆေးယဉ်းပါးတီဘီသည် သာမန်တီဘီရောဂါကုဆေးများကို ပုံမှန်မသောက် ခြင်း(ဆေးသောက်ပျက်ကွက်)၊ ဆေးယဉ် ပါး တီဘီရောဂါရှိသူမှ အခြားတစ်ဦးကို ကူးစက်ခြင်း စသည်တို့ကြောင့် ဖြစ်ပွားကြောင်း ဒေါက်တာထင်ဇော်အောင်က ရှင်းပြသည်။

သာမန်တီဘီဆေးကို အနည်းဆုံး ခြောက်လမှ ရှစ်လအထိ သောက်ရလေ့ရှိသော်လည်း ဆေးယဉ်ပါးတီဘီကိုမူ အနည်းဆုံး လပေါင်း ၂၀ သောက်ရကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဆေးသောက်ကာလများသဖြင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားအဖြင့် သွားရောက်လုပ် ကိုင်နေသူ အများစုမှာ ဆေးသောက်ပျက်ကွက်လေ့ရှိပြီး ယင်းမှတစ်ဆင့် ဆေးယဉ်ပါးတီ ဘီဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာ ထင်ဇော်အောင်က ပြောသည်။

ဆေးယဉ်ပါးတီဘီအပါအ၀င် သာမန်တီဘီရောဂါများကို မည်သည့် အစိုးရဆေးရုံများတွင်မဆို အခမဲ့ကုသပေး လျက်ရှိကြောင်း တိုင်းတီဘီရောဂါတိုက် ဖျက်ရေးဌာနထံမှ သိရသည်။

ကျော်သူစိုး