စည်ပင်နယ်နိမိတ် သတ်မှတ်ထားသည့် ကျေးရွာများအား အခွန်မကောက်သေး

0
708

တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေအရ စည်ပင်နယ်နိမိတ် အဖြစ်သတ်မှတ်ခဲ့သည့် မြိတ်မြို့အတွင်းရှိ ကျေးရွာများအား အခွန်မကောက်ခံသေးကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
စည်ပင်သာယာရေးနယ်နိမိတ်အဖြစ် သတ်မှတ်လိုက်သည့် ကျေးရွာနေ လူထုအား စည်ပင်နှင့်သက်ဆိုင်သည့်လုပ်ငန်းများအကြောင်း အသိပညာပေးခြင်း၊ စည်ပင်၏လုပ်ဆောင်ချက်များအား သိရှိနိုင်အောင် ဆောင်ရွက်ခြင်း စသဖြင့် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။
“အခွန်ကောက်ခံဖို့ ညွှန်ကြားချက် တစ်စုံတစ်ရာ လုံးဝမရှိသေးပါဘူး”ဟု ၎င်းက ဆိုသည်။
မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာစုစုပေါင်း ၄၁ နေရာအား မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အဖြစ် ပြီးခဲ့သည့် နှစ်အတွင်းက သတ်မှတ်ခဲ့သည်။

 

မြင့်မိုရ်(မြိတ်)