တိုင်းရင်းသားဘာသာ သင်ကြားမည့်သူ သုံးရာကျော် လာလျှောက်

0
585

တနင်္သာရီတိုင်း အခြေခံပညာaကျာင်းများတွင် မွန်၊ ကရင် တိုင်းရင်း သားများကို သင်ကြားမည့် တိုင်းရင်းဘာ သာသင်ဆရာနှင့် သင်ထောက်ကူဆရာအဖြစ် လျှောက်ထားသူ သုံးရာကျော်ရှိကြောင်း တနင်္သာရီတိုင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနထံမှ သိရသည်။
ယင်းလျှောက်လွှာများကို တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနရုံး ချုပ်ကို ဖေဖော်ဝါရီလ ၄ ရက်က ပေးပို့ထားပြီး ဆရာအဖြစ် ခန့်ထားမည့်သူများ ကို ယင်းလျှောက်ထားသူများအနက်မှ ပြန်လည်ရွေးချယ်မည်ဖြစ်ကြောင်း အထက်ပါဌာန ဦးစီးအရာရှိ ဒေါ်သံယောဇဉ်မိုးက ပြောသည်။
“ကျောင်းလိုအပ်ချက်အပေါ်မှာ မူတည်ပြီးခန့်မှာဆိုတော့ ဘယ်နှဦးကို ခန့်မယ်ဆိုတာတော့ မသိသေးဘူး”ဟု ဒေါ်သံယောဇဉ်မိုးက ဆိုသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်ခေါ်ယူခဲ့သည့် တိုင်းရင်းသာဘာသာသင်ဆရာ လျှောက်လွှာကို လျှောက်လွှာနောက်ဆုံး လက်ခံသည့် ယခုနှစ် ဇန်န၀ါရီလ ၁၈ ရက် အထိ မွန်၊ ကရင် တိုင်းရင်းသား ၃၂၉ ဦး လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသာဘာသာသင်ဆရာ (Language Teacher )နှင့် သင်ထောက်ကူဆရာ(Teacher Assistant) ဆရာ များကို တိုင်းရင်းသားကျောင်းသား ၁၀ ဦးနှင့် ၁၀၀ ဦး အကြားရှိသည့်ကျောင်းတွင် ဆရာတစ်ဦးနှုန်းဖြင့် ခန့်ထားမည် ဖြစ်သည်။
တိုင်းရင်းသာဘာသာသင် ဆရာတစ်ဦးကို တစ်နေ့ ကျပ်လေးထောင်ရှစ်ရာ နှုန်းဖြင့် နေ့စားလပေးပုံစံဖြင့်လည်းကောင်း၊ သင်ထောက်ကူဆရာကို တစ်လ ကျပ်သုံးသောင်းနှုန်းဖြင့် ဒေသခံတိုင်းရင်း သားများကို ဦးစားပေးခန့်ထားမည် ဖြစ်သည်။
တိုင်းအတွင်း ၂၀၁၈ ခုနှစ်စာရင်းအရ တိုင်းရင်းသာဘာသင်ဆရာနှင့် သင်ထောက်ကူဆရာ ၁၄၈ ဦးရှိကြောင်း တနင်္သာရီတိုင်း တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနထံမှ သိရသည်။

 

ကျော်သူစိုး