မြိတ်တွင် ကလေးများအတွက် အခမဲ့နွေရာသီအင်္ဂလိပ်စာ သင်တန်းဖွင့်မည်

0
635

အခြေခံပညာ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံကောင်းရရှိ စေရန်အတွက် မြိတ်မြို့ရှိ ပရဟိတ ကျားဂေဟာတွင် အခမဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းဖွင့်မည်ဖြစ်ကြောင်း ပရဟိတ ကျားဂေဟာ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
အဆိုပါ သင်တန်းကို အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများတက်ရောက်နိုင်ကြောင်း ပရဟိတကျားဂေဟာ ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
မတ်လ ၁ ရက်မှ စတင်၍ သင်တန်း ချိန်တစ်လ ဖွင့်လှစ်သင်ကြားဖြစ်ပြီး သင်တန်းကို မြိတ်မြို့ အထက်ရေပုန်းရပ်ကွက်ရှိ ပရဟိတကျားဂေဟာတွင် သင်ကြား ပေးမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
လေးတန်း၊ ငါးတန်းနှင့် ခြောက်တန်း ကျောင်းသူ/သားများစုစုပေါင်း ပျမ်းမျှ ဦးရေ ၃၀ ဦးပါသည့်အတန်းနှင့် ခုနစ်တန်း၊ ရှစ်တန်းနှင့် ကိုးတန်း ကျောင်းသူ/သား များစုစုပေါင်း ပျမ်းမျှဦးရေ ၃၀ ဦးတို့ပါrည့် အတန်းနှစ်သုတ်ခွဲပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။
တက်ရောက်လိုသူများအနေဖြင့် ဦးကျော်သူရှိန် ဂေဟာမှူး(ကျားဂေဟာ) ဖုန်း-၀၉၄၂၂၂၁၃၇၈၄၊ ဦးမင်းလွင်ဦး ကျားဂေဟာ ကြီးကြပ်မှုကော်မတီ တွဲဖက် အတွင်းရေးမှူး ဖုန်း-၀၉၄၅၀၉၉၃၅၃၈တို့ ထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

မြင့်မိုရ်(မြိတ်)