တနင်္သာရီအမျိုးသမီး ပြေးခုန်ပစ်အဖွဲ့ ဒုတိယဆုရ

0
887

တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းအမျိုးသမီးပြေးခုန်ပစ်အဖွဲ့က ဒုတိယဆု ရရှိခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။
ယင်းအမျိုးသမီးပြေးခုန်ပစ်အဖွဲ့သည် ရွှေ ၇ ခု၊ ငွေ ၃ ခု၊ ကြေး ၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၃ ခုဖြင့် ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။
အမျိုးသားအသင်းမှာ ငွေတံဆိပ် တစ်ခုသာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
အသက် ၂၅ နှစ်အောက် အမျိုးသမီး ပြေးခုန်ပစ်အသင်းသည် ယမန်နှစ်ကလည်း ဒုတိယဆုရရှိခဲ့ဖူးသည်။
ယင်းပြိုင်ပွဲကို ဇန်န၀ါရီလ ၂၅ ရက် မှ ၂၈ ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။
အသက် ၁၈ နှစ်အောက် ပြေးခုန်ပစ် အဖွဲ့တွင်မူ တနင်္သာရီတိုင်းအသင်းက အမျိုးသမီးတံခွန်စိုက်ဆုနှင့် အမျိုးသား၊ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဆုကိုတို့ကို ၂ နှစ်ဆက်တိုက်ရရှိထားသည်။

 

ကျော်သူစိုး