Miss Crystal Angle Tanintharyi Region အလှမယ် ပြိုင်ပွဲ လျှောက်လွှာခေါ်

0
466

ထားဝယ်မြို့တွင်Miss Crystal Angle Tanintharyi Region ကျင်းပမည့် အလှမယ်ပြိုင်ပွဲအတွက် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီ ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို DDPC Royal Palaceခန်းမ၌ ဧပြီလ ၄ ရက်တွင် ကျင်းပမည်ဖြစ်ပြီး စကာတင် အလှမယ် ၃ ဦး ကို ရွေးချယ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။
ရွေးချယ်ခံရသူ ၃ ဦးသည် မန္တလေး မြို့တွင်ကျင်းပမည့်Miss Crystal Angle  ပြိုင်ပွဲတွင် တနင်္သာရီတိုင်းကိုယ် စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုသိန်းဦး(ခ) ကိုရယ်ရယ်က ပြောသည်။
ပြိုင်ပွဲဝင်လျှောက်လွှာများကို မိတ်ကပ်အောင်ခင်ဆင့် – ၀၉ ၂၅၄၀၃၄ ၅၀၄၊ ကိုရယ်ရယ် – ၀၉၇၈၀၀၃၀၂၉၇၊ ဒီဇိုင်နာ မနွယ်နီ – ၀၉၉၆၆၃၄၉၂၇၂ (သီရိနွယ် Lady Fashion)၊ ကောင်းကင် ကြယ်စတိုး – ၀၉၂၅၂၂၆၁၂၂၆ တို့ထံတွင် ဆက်သွယ် ရယူနိုင်ကြောင်းMiss Crystal Angle Tanintharyi Region ဖေ့စ်ဘွတ်စာမျက်နှာတွင် ကြော်ငြာထား သည်။

 

မိုးမြင့်