တစ်ပတ်အတွင်း တနင်္သာရီလှုပ်ရှားမှုများ

0
1104
၇၂ နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ထားဝယ်တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ဖိုးဇော်(ထားဝယ်)

လောင်းလုံးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို သင်တန်းသား ၁၀၀ ဦးဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့က မြို့နယ်မီးသတ်ရုံးတွင် ဖွင့်လှစ်ခဲ့သည်။

 

၇၂ နှစ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေးအတွက် အသိပေးကြော်ငြာဆိုင်းဘုတ်ကို ဖေဖော်ဝါရီလ ၇ ရက်က ကော့သောင်းမြို့နယ်ရှိ မွန်လူမျိုးများစုပေါင်းစိုက်ထူခဲ့ကြသည်။ဓာတ်ပုံ- နိုင်သစ်
“ထိုင်းနိုင်ငံကို တရားဝင်သွားရောက်လုပ်ကိုင်ဖို့ ဘာတွေက အဟန့်အတားဖြစ်နေလဲ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၅ ရက်က ထားဝယ်မြို့ရှိ Diamond Crown Hotel တွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ – ဝေယံစိုး
၁ ) ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းကောက်နုတ်ချက်များ ရွတ်ဖတ်ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၃ ရက်က မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ဇော်မျိုးနိုင်

 

မြိတ်တက္ကသိုလ်တွင် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် စာပေစကားဝိုင်းတစ်ခုကို ဖေဖေါ်ဝါရီလ ၈ ရက်က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ဇော်မျိုးနိုင်
မြိတ်မြို့ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မဗိမာန်တွင် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၏ ဓမ္မသဘင်ကို ဖေဖော်ဝါရီလ ၉ ရက် ညအချိန်က ကျင်းပခဲ့သည်။ ဓာတ်ပုံ-မြင့်မိုရ်

 

မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပသည့် ၅ ကြိမ်မြောက် ဗိုလ်ချုပ်အောင်ဆန်းပိုက်ကျော်ခြင်းဖလားပွဲကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ ဓာတ်ပုံ-မြင့်မိုရ်