ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း ၁၁-၂-၂၀၁၉ မှ ၁၇-၂-၂၀၁၉ အထိ

0
688
Bay-Din

တနင်္ဂနွေ
လှပသော နာရီဝင်မည်။ အမျိုးသမီးတစ်ယောက်၏ ကူညီမစမှု ခံရမည်။ ငွေများ သိုက်ပေးသကဲ့သို့ ၀င်လာမည်။ ဆိုင်ကယ်၊ ယာဉ်များထွက်တတ်သည်။ ပညာရေးကောင်းပါသည်။ ဇက်ကြောတက်၊ မျက်စိနာရောဂါ ရတတ်သည်။ မေတ္တာရေးသည်ကား သင့်အပေါ် မေတ္တာကမ်းလှမ်းသူများမည်။
အကျိုးပေးသော အရောင် – ပြောက်ကျားရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ကာကီရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – ၀က်သား၊ ရေခဲ
ယတြာ – မနက်စောစော နံနက်စာမစားမီ မေတ္တသုတ်(၁၀)
ခေါက်ရွတ်ဆို ပူဇော်ပါ။
တနင်္လာ
ယခုလ၌ ရွှေထည်ပစ္စည်းများ မ၀ယ်ပါနှင့်။ ကျန်းမာရေး ဂရုစိုက်ရန် လိုအပ်သည်။ လာဘ်လာဘ များ ၀င်မည်။ သားသမီးရတနာရမည်။ မိတ်ဆွေကောင်းများ အကျိုးပြုမှု ရမည်။ လုပ်ငန်းများ တိုးချဲ့နိုင်မည်။ ပညာရေးအနည်းငယ် အာရုံစိုက်ရမည်။ မေတ္တာရေးသည်ကား ဘေးကပြောတိုင်း နားမယောင်မိစေနှင့်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ ခရမ်းရောင်
မစားသင့်သော အစားအစာ – ငါးချဉ်၊ ကြောင်လျှာသီး
ယတြာ – နွမ်းပါးသော သက်ကြီးရွယ်အိုများအား ဆေးဖိုးဒါနပြုပါ။
အင်္ဂါ
ဆိုင်ဖွင့်ခြင်း၊ လုပ်ငန်းများ ကောင်းမည်။ အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ မြေရောင်းမည့်ကိစ္စများ အဆင်ပြေမည်။ ပညာရေးကိစ်္စများ အဆင်ပြေမည်။ အဆုတ်၊ သွေးအားနည်း ရောဂါဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ကြားလေသွေးမှုကို မယုံပါနှင့်။
အကျိုးပေးသော အရောင် – ပန်းရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျားရောင်၊အနီရောင်
မစားသင့်သော အစားအစာ – သီဟိုသီး၊ အုန်းနို့
ယတြာ – ဘုရားတစ်ဆူဆူ၌ ရွှေသင်္ကန်းအတွက် ရည်စူးငွေလှူဒါန်းပါ။
ဗုဒ္ဓဟူး
ရေလမ်းခရီးများ မသွားပါနှင့်။ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ ငွေကြေးများ စုပုံဝင်လာ မည်။ အခက်အခဲများကို ကျော်လွှားနိုင်မည်။ အထက်လူကြီးများနှင့် သဘောထားကွဲလွဲတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူရမည်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ကာကီရောင်၊ အ၀ါရောင်
မစားသင့်သောအစားအစာ – ဘဲသား၊ ဖရုံသီး
ယတြာ – ဘုရားတစ်ဆူဆူ၌ ဝေယျဝစ္စအတွက်ရည်စူး ငွေ
လှူဒါန်းပါ။
ကြာသပတေး
လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိမည်။ လှပသော ပရိဘောဂ၊ အသုံးအဆောင်ပစ်္စည်းများ ၀င်မည်။ မိမိပြောဆိုရမည့် အရေးကြီးစကားများ အောင်မည်။ ရွှေထည်ပစ္စည်းများရမည်။ ခါးနာခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် မင်္ဂလာလက်ထပ်ပွဲ ဆင်နွှဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – ကာကီရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အ၀ါရောင်၊ အနီရောင်
မစားသင့်သောအ အစားအစာ – လက်ဖက်၊ ရွှေဖရုံသီး
ယတြာ – ဘုရားစေတီရင်ပြင်၌ အမှိုက်လှဲ ကုသိုလ်ယူပါ။
သောကြာ
ရွှေထည်ပစ္စည်းများ ၀င်မည်။ ပစ္စည်းဥစ္စာများ စုမိဆောင်းမိမည်။ သို့သော် ယခုလ၌ စက်ပစ္စည်းများ မ၀ယ်ပါနှင့်။ ပညာရေးအတွက် အဆင်ပြေပါမည်။ အိပ်မက်ကောင်းများ မက်မည်။ မေတ္တာရေးသည်ကား စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျားရောင်
အကျိုးမပေးသော အရောင် – ပန်းရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – စားတော်ပဲ၊ ရေခဲမုန့်
ယတြာ – ဘုန်းကြီးကျောင်းပြုပြင်တည်ဆောက်ရာ၌ အုတ်၊ သဲ
လှူဒါန်းပါ။
စနေ
ထီ(သို့) ထီနှင့် အလားတူငွေဝင်မည်။ နိုင်ငံရပ်ခြားခရီးများသွားရမည်။ ပညာရေးအနေနှင့် သင်ထွန်းပေါက်မည်။ ခံတွင်း၊ သွား၌ အနာဖြစ်တတ်သည်။ အိုးအိမ်ပြုပြင်အလှူအတန်းများ ပြုရတတ်သည်။ မေတ္တာရေးသည်ကား သင့်ကိုချစ်သူတွေ ၀ိုင်းဝိုင်းလည်နေမည်။
အကျိုးပေးသောအရောင် – လိမ္မော်ရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အ၀ါရောင်
မစားသင့်သော အစားအစာ – ငါးချဉ်၊ ငါးကလီစာ
ယတြာ – ပန်းသစ်တော်သီး (၂)လုံးကို ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ
ဆရာရွှေစင်မြတ် (Geology)
ဝေဒလက္ခဏသုတေသီ