မြိတ်တွင် ပြည်ထောင်စုနေ့ စုပေါင်းစက်ဘီးစီးပွဲတော် စက်ဘီး ၅ စီး မဲဖောက်ပေးမည်

0
586

၇၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်ကျင်းပမည့် စုပေါင်းစက်ဘီးစီးပွဲတော်တွင် ကံစမ်းမဲအဖြစ် စက်ဘီးငါးစီး မဲဖောက်ပေးမည်ဖြစ်ကြောင်း မြိတ်စက်ဘီးစီးအသင်း ထံမှ သိရသည်။
ပြည်ထောင်စုနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) ကျင်းပမည့် ယင်းစက်ဘီးစီးပွဲ တော်တွင် မည်သည့်စက်ဘီးဖြင့်မဆို လာ ရောက်စီးနင်းနိုင်ပြီး စက်ဘီးစီးနင်းသူများအား အမှတ်တရ အင်္ကျီလက်ဆောင်များလည်း ပေးအပ်မည်ဖြစ်ကြောင်း အထက်ပါ စက်ဘီးစီးအသင်းထံမှ သိရသည်။
“စက်ဘီးလောကကို တိုးတက် အောင် ကျန်းမာရေးအတွက်ပါ ပူးပေါင်း ပြီးပါဝင်စေချင်တယ်”ဟု မြိတ်စက်ဘီးစီးအသင်း အတွင်းရေးမှူး ဦးစည်သာလင်က ပြောသည်။
လူထုစက်ဘီးစီးပွဲတော်ကို ကမ်းနား လမ်း(သဲကွင်းအဆုံး)မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မြို့တွင်းလမ်းများသို့ဖြတ်သန်း ကာမြိတ်-ကျွဲကူးလမ်းမကြီးရှိ မဟာ သိဒ်္ဓိဇယစေတီတော်အထိ အသွားအပြန် ၁၃ မိုင်ခန့် စက်ဘီးစီးနင်းမည်ဖြစ်ကြောင်း မြိတ်စက်ဘီးစီးအသင်းထံမှ သိရသည်။

 

မြင့်မိုရ်(မြိတ်)