ကော့သောင်းတွင် ညီအစ်ကိုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မူဖြစ်

0
599

ကော့သောင်းမြို့နယ်၊ ဘန်းကခွန် ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ညီအစ်ကို နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မူဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။
နေအိမ်တွင် မိဘများမရှိခိုက် တစ်အိမ်တည်းနေ ညီအစ်ကိုနှစ်ဦး အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာ ညီဖြစ်သူက အစ်ကိုဖြစ်သူအား ဓားကောက်ဖြင့် လည်ပင်းအား ခုတ်သတ်မူဖြစ်ပွားခဲ့သည်ဟု အထက်ပါ ရဲစခန်းက ဆိုသည်။
အပြင်မှ ပြန်လာစဉ် နေအိမ်ရှေ့လမ်းပေါ် လည်ပင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည့် သားအကြီးအား တွေ့ရှိ၍ သားငယ်အား မေးမြန်ရာ ၎င်းင်းသတ်ကြောင်း ၀န်ခံခဲ့သည်ဟု သေဆုံးသူ၏ ဖခင်ဖြစ်သူက ဆိုသည်။
အစ်ကိုဖြစ်သူအား ဓားကောက်ဖြင့် ခုတ်သတ်ခဲ့သည့် သားငယ်ဖြစ်သူကို ဥပဒေအရ အရေးယူပေးရန် ဖခင်ဖြစ်သူမှ မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု မြို့မရဲစခန်း စခန်းမှူးက ဆိုသည်။

 

မိုးအိ