ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက်ရွေ့

0
616

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် ခရီးစဉ်ရှိနေသောကြောင့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ရက်ရွှေ့ လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က သတင်းထုတ်ပြန်သည်။
တိုင်းလွှတ်တော်အစည်းအဝေးကို ယခင်က ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကျင်းပမည်ဟု ထုတ်ပြန်ထားရာမှ ဖေဖော်ဝါရီ လ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မြိတ်နှင့် ကော့သောင်းမြို့များသို့ လာရောက်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည့် တနင်္သာရီတိုင်းသို့ လာရောက်မည်ဖြစ်သည့်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်တွင် အစည်းအဝေး မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားသဖြင့် ရက်ရွှေ့လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုင်းဒေသကြီးလွှတ်တော်၏ ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်း ၁၆ ခုမေးမြန်းခြင်း၊ အသေးစားငွေချေး ဥပဒေမူကြမ်းကို ဆွေးနွေးအတည်ပြုခြင်း၊ ထားဝယ်နှင့် မြိတ်မြို့၏ မြို့ပြစီမံကိန်းများ ဆွေးနွေးအတည်ပြုခြင်း အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးအတည် ပြုမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။
ယခုအကြိမ် တနင်္သာရီတိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့်ခရီးစဉ်မှာ သူမ၏ ခြောက်ကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။

 

 

 

Dawei Watch