ထားဝယ်တွင် မြန်မာ့သိုင်းသင်တန်း ဖွင့်ရန် စီစဉ်

0
545

ထားဝယ်မြို့တွင် မြန်မာ့သိုင်းသင်တန်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း ထားဝယ်သိုင်းဆပ်ကော်မတီထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ သင်တန်းသားများခေါ်ယူလျက်ရှိပြီး သင်တန်းသားရရှိမှုအပေါ်မူတည်၍ သင်တန်းဖွင့်မည့်အချိန်ကို သတ်မှတ်ကာ ဖွင့်လှစ်သင် ကြားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
တနင်္သာရီတိုင်းတွင် မြန်မာ့သိုင်းပညာကို တိုင်းနှင့်ပြည်နယ်ပွဲများတွင် နှစ်စဉ်နှစ်တိုင်း သွားရောက်ယှဉ်ပြိုင် နေသော်လည်း ပြိုင်ပွဲနီးမှ လူရွေးချယ်ကာ သွားရောက်ယှဉ်ပြိုင်နေရခြင်းကြောင့် ပြိုင်ပွဲဝင် လူဦးရေနည်းပါးကြောင်း ထားဝယ် သိုင်းဆပ်ကော်မတီမှ အတွင်းရေးမှူး ကိုရန်လေးက ပြောသည်။

“ပြိုင်ပွဲတွေသွားဖို့ တနင်္သာရီတိုင်းက လူအရမ်းနည်းတယ်၊ လူအင်အားနည်း တယ်ဆိုတော့ သင်တန်းဖွင့်ပြီး လူရွေးပွဲ တွေလုပ်ပြီး အဲဒီလိုသွားမယ်ဆိုပြီး တိုင်းအား/ကာ နဲ့ ပေါင်းပြီးလုပ်ဖြစ်တာ”ဟု ကိုရန်လေးက ဆိုသည်။
မြန်မာ့သိုင်းပညာသင်ကြားလိုသူများကို ကျား၊ မ အသက်အရွယ်ကန့်သတ်မထားဘဲ လူမျိုးဘာသာမရွှေး သင်တန်းတက်ရောက်နိုင်ပြီး လျှောက်လွှာများကို ထားဝယ် သိုင်းဆပ်ကော်မတီ Online Page တွင် ရယူလျှောက်ထားနိုင်သည့်အပြင် တနင်္သာရီတိုင်းအား/ကာရုံးတွင်လည်း သွားရောက်လျှောက်ထားနိုင်aကြာင်း ကော်မတီထံမှ သိရသည်။

 

မိုးမြင့်