တစ်မြို့နယ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးစီ ဆောက်မည်

0
465

ယခုဘဏ္ဍာနှစ်အတွင်း ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခုလျှင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးစီ ဆောက်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ရုံးထံမှ သိရ သည်။
ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးလျှင် ငွေကျပ်သိန်း ၁၅၀ အကုန်အကျခံ ဆောက်မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဆောက်လုပ်မည့် ကုမ္ပဏီကို တင်ဒါစနစ်ဖြင့် ရွေးချယ်ထားပြီးဖြစ်ကာ လုပ်ငန်းစတင်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အုပ်ချုပ်ရေးမှူးရုံးအသစ် မဆောက်ရ သေးသည့် ရပ်ကွက်/ကျေးရွာများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ခွဲဝေဆောက်လုပ်ပေး နေကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။
“မြို့ပေါ်ရပ်ကွက်တွေကို ဦးစားပေးပြီးနယ်တွေကို နှစ်အလိုက်ဖြည်းဖြည်းချင်း ချ(ဆောက်)ပေးပါတယ်”ဟု ၎င်းက ပြောသည်။
အုပ်ချုပ်ရေးမှူးရုံး ဆောက်ပေးမည့် အပေါ်ဝမ်းသာကြောင်း အုပ်ချုပ်ရေးမှူးရုံး မရှိသေးသည့် ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော် ရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က တစ်မြို့နယ်လျှင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရုံး ၃ ရုံးစီ ဆောက်လုပ်ခဲ့ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့် မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာစာရင်း-

မြို့နယ်ရပ်ကွက်/ကျေးရွာ
ထားဝယ်ဘုမ္မော်၊ ရောင်းမော်
လောင်းလုံးပန်းတင်အင်း၊ ကျောက်ဆင်
သရက်ချောင်းကြာအင်း၊ အစ်အစ်
ရေဖြူနတ်ကြီးစင်၊ အိန္ဒရာဇာ

 

ကိုဇော်