အရွေ့များကို မြင်ကြည့်ခြင်း

0
598

ကျွန်တော်တို့ဆီမှာ နယ်ခံ အောက်ခြေသိမ်းလုပ်သားတွေ ရှားပါးလာလို့နေတယ်။ အထူးသဖြင့် ထားဝယ်နယ်ဆိုရင် သိသာ လှတယ်။ လယ်ထဲ၊ ခြံထဲ နေ့စားလုပ်သားတွေ အများစုဟာ နယ်ခံအလုပ်သမားတွေ မဟုတ်ကြတော့ဘူး။ နယ်ခံ အလုပ်သမားတွေထက် ဈေးချိုတဲ့သူ တစ်နယ်ခြားက သူတွေဖြစ်ကုန်ပြီ။ ဒီနယ်က ဒေသခံလုပ်သားအများစုကရောဆိုရင် တော့ ထိုင်းဘက်ကို ညွှန်ပြမှရတော့မယ်။
ဒါဆိုရင် ခုနက နယ်ခံမဟုတ်တဲ့ သူတွေကရော ဘယ်ကလာတာလဲ၊ ဘာကြောင့်လဲ၊ သူတို့ အခုဘယ်မှာ နေကြလဲ၊ ဘာတွေ လုပ်နေကြလဲ၊ ဘယ်လိုရှင်သန် နေထိုင်နေကြတာလဲ။ သူတို့တွေကြောင့် ဒီနယ်မှာ ဘယ်လို အကျိုးဆက်တွေဖြစ်လာ နိုင်သလဲ။
လူတွေမှာ ခြေထောက်ပါလို့ သွားလာရွှေ့ဟြေင်းနေကြတာလို့ဟြေရင်မမှားဘူး။ ဒါဟာ သဘာဝပါပဲ၊။ ခြေလျင်၊ ဆင်၊ မြင်း၊ ရထားတွေ၊ သင်္ဘောတွေနဲ့ သွားလာစူးစမ်းခဲ့ကြတာမို့ ကမ္ဘာကြီးအကြောင်း သိလို့လာတယ်မလား။
ရွှေ့ဟြေင်းသွားလာ အခြေချနေထိုင်ခြင်းနဲ့ ပတ်သက်ရင် အဓိကအကြောင်း ရပ်ကြီး ၃ ရပ် ရှိတယ်။ လူမှုစီးပွားရေး ကြောင့်၊ ရာသီဥတုဟြေင်းလဲမှုကြောင့်နဲ့ ပဋိပက္ခကြောင့်ပါ။ အခြားအကြောင်းရပ် လေးတွေလည်း ရှိပါသေးတယ်။ ဥပမာ မြေသိမ်းမှုကြောင့်။ စီမံကိန်းတွေကြောင့်။
ပထမအချက် လူတွေဟာ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး အဆင်မပြေလို့ မူရင်းနေရပ်ကနေ အဆင်ပြေမယ်ထင်ရတဲ့ နေရာကိုရွှေ့ဟြေင်းကြတာ ဓမ္မတာပါပဲ။

“တစ်ရွာမကောင်း သူကောင်းမဖြစ်”ဆိုတဲ့ ဆိုရိုးတောင်ရှိသေး မဟုတ်လားဗျ။

ဒီအချက် ဟာ ဆက်စပ်စဉ်းစားကြည့်ရင် အတော်လေး ကျယ်ပြန့်လာတယ် ဆိုပါစို့။ ဒေသတစ်ခုမယ် စီးပွားရေး မကောင်း၊ ချွတ်ခြုံကျ သွားတာသည် ဘာကြောင့်လဲလို့ ဆက်စပ်အဖြေရှာမယ်ဆိုရင် အခြားအကြောင်း အရင်းတွေပါ ပါလာမှာ ဖြစ်ပါတယ်။
ဒုတိယအချက် ရာသီဥတု ဖောက်ပြန် တယ်ဆိုတာကတော့ ကမ္ဘာမှာ နေရာတိုင်း လိုလို ကြုံတွေ့လာနေရပြီဖြစ်တဲ့ အရာပါ ပဲ။ ဒီနောက်ပိုင်းဆို ပိုဆိုးလာတယ်။ German Watch Organization ရဲ့ Global Climate Risk Index ကိုကြည့် ရင် ကျွန်တော်တို့နိုင်ငံဟာ ၁၉၉၈ ကနေ ၂၀၁၇ အတွင်း အင်မတန်ပြင်းထန်တဲ့ ရာသီဥတုဒဏ် (ဥပမာ အားပြင်းတဲ့ မုန်တိုင်း၊ မိုးခေါင်မှု၊ ရေကြီးမှု)မျိုး ခံရဆုံး နိုင်ငံ ၁၀ ခု ထဲမှာ တတိယ ချိတ်ပါတယ်။ မိုးမမှန် လေမမှန် မိုးခေါင်ရေရှား မုန်တိုင်းက များလာ၊ ပိုပိုပူလာ စသည်ဖြင့် ဥတုဖောက်ပြန်လာတော့ စိုက်ပျိုးရေးနဲ့ အဓိက အသက်မွေးတဲ့ ကျွန်တော်တို့ နိုင်ငံမယ် ပြည်သူတွေ အခက်တွေ့တယ်။ သီးနှံပျက်တော့ စီးပွားပျက်၊ ဒီလိုနဲ့ အလုပ်အကိုင် လေးကောင်းမယ်ထင်တဲ့ နေရာကိုရွှေ့ ကြတယ်။ တချို့ကျတော့ ရာသီဥတုဖြစ်ရပ်ဆိုး ဥပမာ နာဂစ်လိုမျိုး မုန်တိုင်းကြောင့် မိသားစုဝင်တွေ ဆုံးပါး၊ အိမ်ရာလုပ်ငန်း တွေ ပျက်စီးရလို့ အခြားတစ်နေရာကို ဟြေင်းရွှေ့ အခြေချကြပါတယ်။

တတိယအချက်ဖြစ်တဲ့ ပဋိပက္ခဆိုတာ ကတော့ စစ်ပွဲတွေ၊ အဓိကရုဏ်းတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုများပြီး ရာဇ၀တ်မှုတွေ အင်မတန် ထူထပ်လာတဲ့ အဖြစ်တွေကို ညွှန်းပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာပြီး ဘေးကင်းရာ အဆင်ပြေရာ ကို ရွှေ့ပြောင်း အခြေချကြရတဲ့ သူတွေ လည်းဒုနဲ့ဒေးရှိပါတယ်။ မြန်မာပြည်မှာတော့ ကချင်၊ ရှမ်းနဲ့ လတ်တလောဆို ရခိုင်စတဲ့ ပြည်နယ်တွေမှာ ပဋိပက္ခကြောင့် ရွှေ့ပြောင်းရသူတွေ အတော်များပါလိမ့် မယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (ယခင် MPC ယခု MRPC) ရဲ့ ၂၀၁၆ခုနှစ်ထုတ် စာရင်းအရ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် နေရပ်စွန့်ခွာ နေထိုင်ရသူတွေဟာ ၆သိန်းခွဲနဲ့အထက် ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၄၀ ရာနှုန်းလောက် နေတဲ့ဒေသတွေဟာ ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ သဘောဖြစ်ပါတယ်ခင်ဗျ။
ရွှေ့ဟြေင်းသွားလာသူ အများစုဟာ မြို့ပြများကို သွားကြပါတယ်။ မြို့ပြလို့ ဆိုရင် အများစုရဲ့ စိတ်ထဲမှာ အလုပ်အကိုင် ပေါတယ်၊ ငွေရလွယ်တယ်၊ လူနေမှုအဆင့် အတန်းကောင်းတယ်၊ ရေ၊ မီး ဆက်သွယ်ရေး အင်တာနက်ကောင်းတယ် လမ်းပန်း ဆက်သွယ်ရေး ကောင်းတယ်၊ စစ်မက်နဲ့လည်းလှမ်းတယ်၊ ဒီလိုအောက်မေ့ကြတယ်ကိုး။ ဒီတော့ နေရပ်ရင်းက အဆင်မပြေလို့ အကြောင်းစုံနဲ့ ထွက်လာတဲ့ လူအများစု ဟာ မြို့ပြကို ရောက်လာကြပါတယ်။ မြို့ပြမှာက လူတွေထင်သလို အရာရာ အဆင်သင့်လို့ မနေပါဘူး။ နေစရာတွေ ဈေးကြီးလှတယ်၊ ငွေကုန်ပေါက်များတယ်။ အလုပ်အကိုင်ကလည်း ရှာရခက်သလို ငွေရပေါက်လည်း သိပ်မရှိဘူး၊ ဒီတော့ အများစုက မထူးဇာတ်ခင်းပြီး ရရာအလုပ်ကို ပေးသလောက်နဲ့လုပ်ကြရတယ်၊ လူတချို့ကတော့ ဒုစရိုက်လောကထဲ ခြေကျွံကုန်တယ်။ နေစရာကျပြန်တော့လည်း အများစုက ရေရှည်ငှား၊ ဝယ်ဖို့ မတတ်နိုင်ကြလေတော့ အချို့က အဆင် ပြေရာကပ်နေ၊ လမ်းကြား၊ တံတားအောက်၊ အဆောက်အဦကြီးတွေနား၊ ကား၊ ရထား လမ်းနံဘေး၊ ဘူတာရုံ စသည်ဖြင့် အဆင် ပြေတဲ့နေရာမှာ ဖြစ်သလို နေနေကြရပါ တယ်။ ဖြစ်လိုဆိုတာက အဲသလို နေထိုင် တာဟာ တရားမ၀င်ပါဘူး၊ အဆင်ပြေသလို ဆောက်ထားတဲ့ တဲလိုမျိုးအဆောက် အဦလေးတွေ၊ အခန်းကျဉ်းလေးတွေမှာ ရေကောင်း ရေသန့်မရှိ၊ မိလ်္လာစနစ် (အိမ်သာမရှိ)ကောင်းမရှိ၊ လူတွေကြပ်လို့ ပြွတ်သိပ်လို့၊ ကျောတခင်းစာကို အလု အယက် နေနေရတာ မျိုးလည်း ဖြစ်နိုင်တယ်၊ ဆယ်ပေပတ်လည်အခန်းလေးဟာ လူ ၇ ယောက်လောက်ရဲ့ အိပ်ရာ၊ ချက်ပြုတ်ရာ၊ စားသောက်ရာ၊ ခိုလှုံရာ တဲနန်းလေးလည်း ဖြစ်နိုင်ပါတယ်။ အဲဒီထက်ဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနေရဖို့ဆိုတာလည်း သိပ်မလွယ်လှပါဘူး။ ဆိုင်ရာ ပုဂ်္ဂိုလ်တွေ ကို ငွေပေးရတာမျိုးလည်း ရှိပါတယ်။

ဒီလိုနေကြတဲ့ အစုလေးတွေကို ဆင်းရဲသား ရပ်ကွက်လို့ခေါ်မယ် ထင်ပါ တယ်။ တချို့ကတော့ ကျူးလို့ အမည်တပ် ပါတယ်။ တရားမ၀င်ကျူးကျော်တွေကိုး ခင်ဗျ၊ ဘိုလိုတော့ Slum area လို့သုံးပါ တယ်။ ဒီလိုမျိုးနေရာတွေကို ရန်ကုန်မှာ ဆိုရင်တော့ လွယ်လွယ်မြင်နိုင်ပါတယ်။ အဲသည်လို နေရာမျိုးကို ဘ၀ လုပ်နေရတဲ့ သူတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ အတွက် အနာဂတ်ဟာ မတွေးရဲစရာပါ။ လူတယောက်အဖို့ လွတ်လပ်စွာ ပညာသင် ကြားနိုင်ဖို့၊ ကျန်းမာရေး စောင့်ရှောက် ခွင့်ရဖို့၊ လူသားတယောက်အနေနဲ့ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်နေထိုင်နိုင်ဖို့ ဆိုတာတွေဟာ ဒီလိုနေရာတွေမှာနေကြရသူတွေ အဖို့တော့ သူတို့နဲ့ မဆိုင်သလိုပါ။
ဒီလိုဆင်းရဲသား ရပ်ကွက်လေးတွေ လိုနေရာမှာ နေနေရသူတွေ ကမ္ဘာမှာ အများ ကြီးပါ။ ဘယ်လောက်ရှိမယ်ထင်ပါသလဲ ခင်ဗျ။

၂၀၁၅-၂၀၁၆ ခုနှစ် UN-Habitat ကဖော်ပြတဲ့ စာရင်းအရ ကမ္ဘာမှာ လူ ၈ ယောက်မှာ ၁ ယောက်က ဆင်းရဲသားရပ် ကွက်လေးတွေလို နေရာမှာ နေနေရပါ သတဲ့ခင်ဗျ။

ဆိုတော့ ဒီလိုလူ လူပေါင်း တစ်ဘီလီယံ (သန်းတစ်ထောင်) ၀န်းကျင်၊ တကမ္ဘာ လုံးက မြို့ပြနေလူဦးရေရဲ့ ၄ ပုံ ၁ ပုံ ရှိပါတယ်။ မြန်မာလိုမျိုး ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ မြို့ပြမှာနေထိုင်သူပေါင်း ၈၈၁ သန်းဟာ ဒီလိုဆင်းရဲသားရပ်ကွက်လေး တွေလိုနေရာ၊ အခြေအနေမျိုး နေထိုင်ကြ ရပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်နောက် ပိုင်း ကတည်းကနေ ဆင်းရဲသားရပ်ကွက် လေးတွေလိုနေရာမှာ နေရတဲ့ သူဦးရေတိုး နှုန်းဟာ ကမ္ဘာတ၀န်းမှာ တနှစ်ကို ၆ သန်း နှုန်း ရှိနေပါတယ်။ ဒါဟာ နေ့စဉ်လူပေါင်း ၁၆၅၀၀ လောက်ဆင်းရဲသားအရပ်ဆီ ရောက်နေရတဲ့သဘောပါ။ သတိပြုစရာ တခုကတာ့ ကုလက ဆင်းရဲသားအရပ်လို အခြေအနေ ဖြစ်မဖြစ်ကို သူ့စံနှုန်းနဲသူတိုင်း တာပါ။ ကျွန်တော်တို့ ရန်ကုန်ကလို ဆင်းရဲ သားရပ်ကွက် အခြေအနေမျိုးတော့ တကမ္ဘာလုံးမှာ ဖြစ်ချင်မှဖြစ်မှာပါ။
ဒီတော့ ဆင်းရဲသားရပ်ကြီး (သို့) ကျူး တွေရှိလာရင်၊ များလာရင် ဒေသတစ်ခုမှာ ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်သလဲဆို တော့ ယေဘုယျအားဖြင့် လူမှုရေး၊ ယဉ် ကျေးမှု၊ စီးပွားရေး ပြဿနာ၊ ရောဂါဘယ ဖြစ်ပွားပျံ့နှုံ့ခြင်း၊ ဒုစရိုက်မှု၊ ရာဇ၀တ်မှုများ လာတတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း နဲ့ မီးဘေးအန္တရာယ်ဖြစ်လွယ်ခြင်း စတဲ့ အကျိုးဆက်တွေဖြစ်လာတတ် ပါတယ်။ ပြီးတော့ကာ ဒါတွေကြောင့် မြို့တော်ကြီး အကျည်းတန်လာမှာဖြစ် ပါတယ်။ (အိန္ဒိယကဆင်းရဲသားအရပ်အကြောင်း အကျယ်ကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်ဆိုတဲ့စာအုပ်မှာ ဖတ်ကြည့်နိုင်ပါတယ်)

အစိုးရမင်းများက ဒီကိစ္စကို နည်းပေါင်းစုံနဲ့ ဖြေရှင်းကြပါတယ်။ အသုံးများ တာကတော့ ဒီလိုနေရာတွေကို ကျူးကျော်လို့ အမည်တပ်ပြီး အဆောက်အဦတွေကို ဖျက်ကြတာမျိုးပါ။ နောက်တစ်ခုကတော့ ဒီလိုလူတွေအတွက် အိမ်ရာတွေ ဆောက် ပေးတာပါ။ ဒီတော့ အကျိုးဆက်တစ် ခုအနေနဲ့ မြို့ကိုချဲ့ပြီး အိမ်ရာစီမံကိန်းတွေ ပေါ်လာရတာ မျိုးပါပဲ။ ရေရှည်မှာတော့ ဆင်းရဲမွဲတေမှုလျှော့ရေးစီမံကိန်းတွေ၊ လူဝင်မှုကြီးကြပ်တဲ့ ဥပဒေတွေ၊ လူမှုဖူလုံရေး အစီအစဉ်တွေနဲ့ကျကျနန လုပ်ကြပါ တယ်။
ဆွေးနွေးရင်းနဲ့ ဒီအကြောင်းဟာ ကမ္ဘာနဲ့ချီတဲ့ ကိစ္စတွေအထိ ရောက်လို့ သွားတဲ့အတွက် စာအတော်ရှည်လို့သွား ပါပြီ။ တကယ်လည်းဒါဟာ ကမ္ဘာတဝန်း ကြုံနေရတဲ့ကိစ္စလည်း ဖြစ်ပါတယ်။
စာရှုသူများခင်ဗျာ….။ အဖွင့်မှာ ကျွန်တော် ဆွေးနွေးမေးမြန်းခဲ့တဲ့ မေးခွန်းတွေကို အခုဆိုရင် စာရှုသူကိုယ်တိုင် တွေးဆဆင်ခြင်လို့ အဖြေရှာနိုင်ပြီ ထင်ပါ တယ်။ ကမ္ဘာနဲ့ မြန်မာ၊ ရန်ကုန်နဲ့ တနင်္သာရီ ကတော့ အခြေအနေတွေ ကာလဒေသ ကွဲမှာပေါ့၊ ကိစ္စကြီးငယ်ကွာ မှာပေါ့ခင်ဗျာ။
၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းမှာ တိုင်းလူဦးရေ စုစုပေါင်းရဲ့ ၂၄ ရာနှုန်းကပဲ မြို့ပြမှာ နေထိုင် ပါသတဲ့။ ကျန်တဲ့ ၇၆ ရာခိုင်နှုန်းကတော့ ကျေးလက်နေပြည်သူတွေပေါ့ခင်ဗျ။ တောနယ်ကျေးလက်က ပြည်သူတွေဟာ ရော်ဘာ၊ ကွမ်း၊ သီဟိုဠ်၊ ဒူးရင်း စတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ပင်လယ် တရိုးမှာ ရေလုပ်ငန်းနဲ့ အသက်မွေးလို့ စီးပွားရှာကြပါတယ်။ ဒီလို လုပ်ငန်းတွေရဲ့ အောက်ခြေသိမ်းလုပ်သားတွေ နေရာမှာ နယ်ခြားကလူတွေ အရင်ကထက် ပိုမိုဝင် ရောက်လုပ်ကိုင်လာပါပြီ၊။ ဘာကြောင့် များပါလဲ။ ဒီလူတွေ အခုဘယ်မှာနေနေတယ်၊ ဘယ်လိုနေထိုင် ရုန်းကန်နေတယ်၊ သူတို့ ဘာလို့ ဒီကိုလာသလဲ။ ဒီလူတွေ ကြောင့် ဘာအကျိုးဆက်တွေ ဖြစ်နေ၊ ဖြစ်လာ နိုင်မလဲ။ ထားဝယ်မြို့ပေါ်မှာရော အခြေ အနေ ဘယ်လိုရှိသလဲ။ မြန်မာပြည်ကြီးမှာ ပြည်တွင်းရွှေ့ဟြေင်းသွားလာ အခြေချမှု အခြေအနေ ဘယ်လိုရှိသလဲ။ စိတ်ဝင်စား ဖွယ်ဖြစ်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် သိဖို့ဆိုရင်တော့ စစ်တမ်းကောက် သုတေသန လုပ်ကြည့်မှဖြစ်မှာပါ။ အစိုးရ မင်းများ ဒီလို ကိစ္စတွေကို စိတ်ဝင်စားစေ ချင်လှပါရဲ့ ခင်ဗျ။

ဖိုးကြာရိုး

ကိုးကား

Eckstein.D, Hutfils.M.L, Winges.M.(2018).Global Climate Change Index 2019. Retrieved from

https://www.germanwatch.org/en/cri

Myanmar Peace Center. (2016). Peace & NCA.P-38.

Slum Almanac 2015-2016; Tracking Improvement in the lives of slum dwellers published by UN-Habitat, P-2,8,9. Retrieved from

http://unhabitat.org/slum-almanac-2015-2016/

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ၂၀၁၄၊ ၂၀၁၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေ ကိန်းဂဏန်း အချက်အလက်များ(၂၀၁၅ခုနှစ်၊ မေလ)