တစ်ပတ်အတွင်း တနင်္သာရီလှုပ်ရှားမှုများ

0
967
နည်းပညာတက္ကသိုလ်(မြိတ်)တွင် ဒုတိယအကြိမ်မြောက်ဓမ္မပူဇာသဘင်ကို ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ- MTUSU

 

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-ဇော်မျိုးနိုင်

 

 

 

 

 

 

 

 

 

 

 

 

 

တရားမဝင်ကုန်စည်စီးဆင်းမှုအား တားဆီးနှိမ်နှင်းရေးအတွက် မြိတ်ခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးနှိမ်နှင်းရေးအဖွဲ့က မြိတ်မြို့အဝင် ကျောက်ဖြူတောင်ကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်များအား ဖေဖော်ဝါရီလ ၁ ရက်က ရှောင်တခင်စစ်ဆေးခဲ့သည်။ ဓာတ်ပုံ- ဇော်မျိုးနိုင်
တိုင်းနှင့်ပြည်နယ်အဆင့် U21 အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်က ထားဝယ်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ဝေယံစိုး

 

 

 

 

 

 

 

 

 

 

 

 

 

မွန်ပါတီပေါင်းစည်းရေးနှင့် ပါတီအမည်သစ် မိတ်ဆက်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်က ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်ရှိ မွန်ပါတီရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – မိုးအိ
တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်က ကွင်းဖွင့်ပွဲအဖြစ် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) နှင့် ပညာရေးကောလိပ်တို့ ထားဝယ်မြို့ တိုင်းအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကွန်ပျူတာတက္ကသိုလ်အသင်းက ပညာရေးကောလိပ်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဓာတ်ပုံ – ဝေယံစိုး

 

 

 

 

 

 

 

 

 

 

 

 

 

 

သံသရာအေးဆရာတော်နှင့် စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပသည့် စာပေဟောပြောပွဲကို မြိတ်မြို့၊ ထားဝယ်ကမ်းလမ်းတွင် ဇန်နဝါရီလ ၂၈ ရက်နှင့် ၂၉ ရက်က ကျင်းပခဲ့သည်။ ဓာတ်ပုံ-မြင့်မိုရ်

 

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြုလုပ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်း အမျိုးသမီးအပ်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇန်န၀ါရီလ ၂၉ ရက်က သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ကျင်းပခဲ့သည်။ ဓာတ်ပုံ – နိုင်ဝင်း(ပြန်/ဆက်)