အမှိုက်သိမ်းကား တိမ်းမှောက် ၂ ဦးသေ ၂ ဦး ဒဏ်ရာရ

0
559

ကော့သောင်းတွင် ဇန်နဝါရီ ၃၁ ရက် ည၈နာရီခွဲအချိန်တွင် အမှိုက်သိမ်းယာဉ်တိမ်းမှောက်၍ ကားပေါ်ပါ အမျိုးသား နှစ်ဦး သေဆုံးကာ ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းမြို့မရဲစခန်းထံမှ သိရသည်။
စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်သည် ဆယ်မိုင်ကျေးရွာတွင် အမှိုက်ပစ်ပြီးအပြန် ရွှေပြည်စိုးကျေး ရွာ ၄မိုင်အနီးတွင် အကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်တိမ်း မှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် အမှိုက်သိမ်းယာဉ်မောင်းနှင့် သန့်ရှင်းရေးလုပ်သား ၃ဦး လိုက်ပါလာပြီး ယာဉ်မောင်း ဖြစ်သူနှင့် သန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ သန့်ရှင်းရေးဝန်ထမ်း အမျိုးသား ၁ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရရှိသူနှစ်ဦးကို ခရိုင်ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း ဒဏ်ရာရှိထားသည့် မိသားစုဝင်တို့က ဆိုသည်။
ယာဉ်ကို မဆင်မခြင်မောင်းနှင်မှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးထိုးကျ သေဆုံးစေခဲ့သည့် သေဆုံးသူ ယာဉ်မောင်း ဖြစ်သူကို တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

 

မိုးအိ