ဆင်ခြေထောက်ရောဂါ သတိရှိပါ

0
3107

ဆင်ခြေထောက်ရောဂါသည် သွေးကြောထဲတွင် နေသည့် သံကောင်ကြောင့် ဖြစ်ပွားသည်။ ဆင်ခြေထောက်ရောဂါပိုး သယ်ဆောင်သောခြင် ကိုက်ခြင်းဖြင့် ကူးစက်သည်။ ဆင်ခြေထောက်ရောဂါပိုး သယ်ဆောင်သောခြင်သည် ရေပုပ်ရေသိုးများ၊ ရေစီး ရေလာမကောင်းသည့် ရေမြောင်းပုပ်များ၊  ရေဆိုးကျင်း များ၊ မလုံခြုံသော အိမ်သာကျင်းများ၊ မလုံခြုံသော မြေအောက်မြောင်းများတွင် ပေါက်ဖွားသည်။

လူအချို့တွင် ရောဂါပိုးရှိနေသော်လည်း ရောဂါ လက်္ခဏာ လုံးဝမပြဘဲ (၆)လမှ (၁)နှစ်ခန့်အထိ ငုပ်နေ တတ်ပါသည်။

ရောဂါလက္ခဏာများ

ချမ်းတုန်ဖျားခြင်း၊ ယားယံ၍ အင်ပြင်ထွက်ခြင်း၊ ပန်းနာရင်ကျပ်ကဲ့သို့ ချောင်းဆိုး ရင်ကျပ်ခြင်း၊ အကျိတ် များယောင်ခြင်း၊ ဝှေးစေ့များယောင်၍ အောင့်ခြင်း၊ နာခြင်း၊ ခြေလက် တစ်ဖက်/နှစ်ဖက်နီရဲ၊ ပူလောင်၊ ရောင်ရမ်း၍ နာခြင်း၊ (မှင်ထခြင်း၊ ပင့်ကူရှပ်ခြင်း) ကပ်ပယ်အိတ်ကြီး ခြင်း(မုတ်္တ)၊ ဆန်ဆေးရေကဲ့သို့ အဖြူရောင် ဆီးပျစ်ပျစ် သွားခြင်း၊ ဆီးထဲသွေးပါခြင်း စသည့် ရောဂါလက်္ခဏာများ ပြသည်။

ရောဂါသက်ရင့်လာသည့်အခါ ဖြစ်နိုင်သည့် လက္ခဏာများ

ခြေထောက်၊ ရင်သား စသည်တို့ တစ်ဖက်တည်း (သို့) နှစ်ဖက်လုံးကြီးလာပြီး နောက်ဆုံးတွင် ဆင်ခြေ ထောက်အသွင် ဖြစ်လာပါသည်။

အထက်ပါ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါ က နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသ၍ ချက်ချင်း ဆေးကုသမှုခံယူရမည်ဖြစ်သည်။

ဆေးသောက်သည့်အခါ သန်ချဆေးနှစ်မျိုးလုံးကို တစ်ကြိမ်ထဲသောက်ရပါမည်။

ဆေးမသောက်သင့်သူများ

အသက် ၂ နှစ်အောက် ကလေး၊ ကိုယ်ဝန်ဆောင် မိခင်၊ ရောဂါတစ်ခုခုကို ဆိုးဝါးစွာ ခံစားနေရသူများ။

ဘယ်အချိန်ဆေးသောက်ရမလဲ

အချိန်မရွေးသောက်နိုင်ပါသည်။ အစာစားပြီးချိန်၊ ညအိပ်ရာဝင်ချိန် သောက်လျှင် အကောင်းဆုံး ဖြစ်သည်။

ဆေးသောက်ပြီး ဘာတွေဖြစ်တတ်သလဲ

(၁) ဆေးသောက်ပြီး လှုပ်ရှားမှုများလျှင် အချို့လူ များတွင် အနည်းငယ် မူးတတ်/ပျို့တတ်သည်။

(၂) ရောဂါပိုးရှိသူများတွင် ဆေးအာနိသင်ကြောင့် အနည်းငယ်ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများ ဖြစ်တတ်ပါသည်။

အဲလိုဖြစ်လာခဲ့ရင် ဘာတွေလုပ်မလဲ

(၁) ဆေးသောက်ပြီး အင်ပြင်ထွက်လျှင် ဘာမီတွန် (၁) ပြားတိုက်ပါ။

(၂) ကိုယ်လက်ကိုက်ခဲလျှင် ပါရာစီတမော (၁) ပြား/ ခေါင်းမူးပျို့အန်လျှင်ြ၆ (၁) ပြားတိုက်ပါ။

(၃) မသက်သာပါက ဆေးတိုက်အဖွဲ့ (သို့) နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ ဆက်သွယ်ပါ။

သန်ချဆေးပေါင်းတိုက်ကျွေးခြင်းဖြင့် ဘာအကျိုး ကျေးဇူးတွေရရှိမလဲ

(၁) ဆင်ခြေထောက် သန်ကောင်များ သေကြေ ပျက်စီးပြီး ရောဂါကင်းစင်သွားပါမည်။

(၂) ရောဂါပိုးမရှိသူများမှာ ဆေးအာနိသင်ကြောင့် ရောဂါပိုးဝင်ရောက်ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါ သည်။

(၃) အူလမ်းကြောင်းရှိ သန်ကောင်အမျိုးမျိုး ကင်းစင်စေပါသည်။

 

အသက်အုပ်စုAlbendzole ဆေးပြား

(၄၀၀) မီလီဂရမ်

DEC ဆေးပြား

(၁၀၀) မီလီဂရမ်

၂ နှစ်မှ ၅ နှစ်၁ ပြား၁ ပြား
၆ နှစ်မှ ၁၄ နှစ်၁ ပြား၂ ပြား
၁၅ နှစ် နှင့်အထက်၁ ပြား၃ ပြား