ကလိန်အောင်ဆံတော်ရှင်တွင် ရွှေအမှိုက်မှ ငွေကျပ် သိန်း၈၀ ရရှိ

0
469

ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင် ဆံတော်ရှင်စေတီအား ရွှေသင်္ကန်းအသစ် ကပ်လှူရန်အတွက် ရွှေသင်္ကန်းအဟောင်း ခွာချရာမှရရှိသည့် ရွှေအမှိုက်ကို ငွေကျပ် သိန်းရှစ်ဆယ်ဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
စေတီတော်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလက ရွှေသင်္ကန်းအဟောင်း ကို ခွာချခဲ့ပြီး ရရှိလာသည့် ရွှေအမှိုက်ကို ရွှေဆိုင်းလုပ်မည့်သူအား လေလံသဘော ဖြင့် ရောင်းချခဲ့ကြောင်း ကလိန်အောင် ဆံတော်ရှင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောသည်။
ယခုလက်ရှိတွင် စေတီတော်တစ်ခု ရွှေဆိုင်းပေါင်း ၈၃၅ ဆိုင်း ဆက်ကပ်ပူဇော် ထားပြီး ငွေကျပ်သိန်း ၄၅၀ ကုန်ကျကြောင်း ဦးစိုးသိန်းက ပြောသည်။
ရွှေသင်္ကန်းပြန်လည်ကပ်ရန်အတွက် စေတီ၏ စိန်ဖူးတော်အတွင်းမှ ဌာပနာများ ကို ယာယီသိမ်းဆည်းထားပြီး တပို့တွဲ လပြည့်နေ့တွင် စိန်ဖူးတော်ကိုပြန်တင်မည် ဖြစ်ကြောင်း ကလိန်အောင်ဆံတော်ရှင် ဂေါပကအဖွဲ့ထံမှ သိရသည်။

 

မိုးမြင့်