မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရွေးချယ်ပွဲ ဆော့ဝဲစနစ်ဖြင့် မဲပေး

0
695

မြိတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဒုတိယသက်တမ်း အလုပ်အမှုဆောင်ရွေးချယ်ပွဲကို ဇန်နဝါရီလ ၂၅ ရက်က ကျင်းပခဲ့ပြီး ဆော့ဝဲစနစ်ဖြင့် မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
လက်ကိုင်ဖုန်းရှိ ဆော့ဝဲစနစ်ဖြင့် မဲပေးနိုင်ရန်အတွက် မြိတ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ဆော့ဝဲအား ရေးဆွဲပေးထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မမျိုးမျိုးအိက ပြောပြသည်။
“အလေအလွှင့်မဲတွေ မရှိတော့ဘူး။ မဲဆုံးရှုံးတာတွေလည်း မရှိတော့ဘူး”ဟု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် မမျိုးမျိုးအိ က ပြောသည်။
မဲပေးရာတွင် မဲရုံရှိ မဲပေးသည့်အခန်းတိုင်းရှိ လက်ကိုင်ဖုန်းရှိ ဆော့ဝဲအားဝင်ရောက်ပြီး ကိုယ်စားလှယ်လောင်းများအား ရွေးချယ်မဲပေးခဲ့ရခြင်းဖြစ်ကြောင်း ကော်မရှင်မှ သိရသည်။
ဖုန်းဖြင့်မဲပေးသည့်စနစ်မှာ လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာစေသည့် နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း မဲဆန္ဒရှင် ( ကျောင်းသား/သူ ) တစ်ချို့က ဆိုသည်။

 

မြင့်မိုရ်(မြိတ်)