အခမဲ့ဆေးဝါးအတွက် လူနာကုတင် တစ်လုံးလျှင် ကျပ်ခြောက်သိန်းနီးပါး သုံးမည်

0
594

တိုင်းအတွင်းရှိ ကုတင် ၂၀၀ အောက် ဆေးရုံများတွင် အခမဲ့ဆေးဝါးထောက်ပံ့ မှုအတွက် လူနာကုတင်တစ်လုံးလျှင် ငွေကျပ် ခြောက်သိန်းနီးပါး အသုံးပြုမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တစ်နှစ်တာကာလအတွက် အသုံး ပြုမည့် ငွေကြေးပမာဏဖြစ်ပြီး လက်ရှိ တွင် ဆေးဝါး၊ ဓာတ်မှန်၊ ဓာတ်ခွဲပစ္စည်း ၀ယ်ယူရန် တင်ဒါခေါ်နေပြီ ဖြစ်သည်။

အခမဲ့ဆေးများကို တိုင်းအတွင်းရှိ ဆေးရုံများ မျှမျှတတ ရရှိစေရန် လူနာကုတင် အရေအတွက်အလိုက် ခွဲပေးခြင်းဖြစ် ကြောာင်း တိုင်းကုသရေးဦးစီးဌာနထံမှ သိရသည်။

လူနာကုတင်တစ်လုံးလျှင်(လူနာ မည်မျှတက်ရောက်စေကာမူ) တစ်နှစ်တာ ကာလအတွက် ပျမ်းမျှငွေကျပ် ငါးသိန်း ရှစ်သောင်းကျော်(၅၈၁၄၂၆ ကျပ်) သုံးစွဲ မည် ဖြစ်သည်။

ဆေးရုံများ၌ အမှန်တကယ်လိုအပ် သည့် ဆေးဝါးများကိုသာ ၀ယ်ယူမည်ဖြစ် ပြီး မြန်မာဆေးဝါးလုပ်ငန်း ဏြှု ထုတ် ဆေးများကို ဦးစားပေး ၀ယ်ယူမည်ဖြစ် ကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသူဇာက ဆိုသည်။

“ဆေးရုံတွေမှာ လူနာတွေ မရှိမဖြစ် သုံးရမယ့် ဆေးတွေကို ဦးစားပေးပြီး ၀ယ်မယ်”ဟု ဒေါက်တာမျိုးသူဇာက ပြောသည်။

တိုင်းအတွင်း ကုတင် ၂၀၀ အောက် ဆေးရုံ ၃၃ ရုံတွင် လူနာကုတင်အရေ အတွက် ၇၅၉ လုံးရှိပြီး အခမဲ့ဆေးထောက် ပံ့ရန် အတွက် ငွေကျပ် ၄၃၂ သန်းအသုံး ပြုမည် ဖြစ်သည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အခမဲ့ဆေးဝါး အတွက် ၆ လတစ်ကြိမ် ၀ယ်ယူနေပြီး လက်ရှိဘဏ္ဍာနှစ်မှစတင်ကာ တစ်နှစ်တာ ကာလအတွက် ၀ယ်ယူခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးသူဇာက ဆိုသည်။

ကုတင်၂၀၀ ဆံ့ဆေးရုံများဖြစ်သည့် ထားဝယ်ဆေးရုံကြီးတွင် အခမဲ့ဆေး အတွက် လူနာကုတင်တစ်လုံးလျှင် ကျပ် ၃၂ သိန်း အသုံးပြုမည်ဖြစ်ပြီး မြိတ်ဆေးရုံ ကြီးတွင် လူနာကုတင်တစ်လုံးအတွက် ၂၈ သိန်း ၅ သောင်း သုံးစွဲမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာန စာရင်း အရ သိရသည်။

အဆိုပါ ဆေးရုံများတွင် သက်ဆိုင် ရာဆေးရုံ အစီအစဉ်ဖြင့် အခမဲ့ဆေးဝါး ၀ယ်ယူကြောင်း တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနထံမှ သိရသည်။

 

 

ကိုဇော်